ဒီပဲယင်းမြို့နယ်ထဲက သစ်ရာအိုက် ရဲကင်းစခန်း ဗုံးကွဲပြီး၊ မီးလောင်

အောက်တိုဘာ ၁၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ သစ်ရာအိုက် ရဲကင်းစခန်းမှာ မနေ့ အောက်တိုဘာ ၁၀ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှု့ထစ်ပြီး မီးလောင်ခဲ့တယ်လို့ ဒီပဲယင်းမြို့ခံတွေက ပြောပါတယ်။
 
” မနေ့ကည ၉ နာရီဝန်းကျင်လောက်မှာ ရဲစခန်းဘက်ကနေ ပေါက်ကွဲသံကြားတယ် ၊ အဲ့ဒီနောက် အချိန်မကြာလိုက်ဘူး ရဲစခန်းမီးလောင်တာ ” လို့ ဒေသခံတယောက်က ပြောပါတယ်။
 
အဲ့ဒီ မီးလောင်သွားတဲ့ ရဲစခန်းနဲ့ ပတ်သက်ပြီး သစ်ရာအိုက်ရွာခံတွေရဲ့ ဒီကနေ့မနက်ပိုင်း မြင်တွေ့ရတာက ရဲစခန်းရုံး အဆောက်အဦးအပါအဝင် ရဲမိသားစုတွေ
နေတဲ့ တန်းလျားအဆောက်အဦး ၂လုံး မီးလောင်ထားတယ် သိရပါတယ်။
 
အဲ့ဒီ သစ်ရာအိုက်ရဲကင်းစခန်းက ရဲတွေနဲ့ ရဲမိသားစုတွေဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကစလို့ ရဲစခန်းမှာ နေထိုင်ခြင်းမရှိတော့တဲ့အတွက် မီးလောင်မှုဖြစ်ချိန်မှာ မရှိဘူးလို့ ရွာခံတွေကပြောပါတယ်။
 
အခုလ ၃ ရက်ညနဲ့ ၄ ရက်ညကလည်း ထီးချိုင့်မြို့နယ် အလယ်တော၊ နယ်မြေရဲကင်းစခန်းနဲ ကမ်းနီလှုပ်ရှား ရဲကင်းစခန်းတွေမှာ ၂ ည ဆက်တိုက် မီးလောင်ခဲ့ပါတယ်။
 
အဲ့ဒီအပြင် စက်တင်ဘာ နောက်ဆုံးအပတ်ကလည်း မုံရွာ-ဂန့်ဂေါကားလမ်းက ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်း မီးလောင်ခဲ့ပါသေးတယ်။
 
အခုနှစ် မတ်လက စလို့ အခုလ ၁၀ ရက်ညအထိ စစ်ကိုင်းတိုင်းထဲက ကသာ ၊ ကောလင်း ၊ တန်ဆည် ၊ မြောင် ၊ဒီပဲယင်း ၊ ပုလဲ စတဲ့ မြို့နယ်တွေထဲက ရဲကင်းစခန်းနဲ့ လှုပ်ရှားရဲကင်းစခန်းတွေ မီးလောင်တာတွေလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဒီပဲယင်း #ရဲကင်း #ဗုံးပေါက်မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW