နျူကလီးယား ရေငုပ်သင်္ဘောအချက်အလက်တွေ ရောင်းဖို့ကြိုးစားတဲ့ အမေရိကန်ရေတပ်အင်ဂျင်နီယာ ဖမ်ဆီးခံရ

ဝါရှင်တန်၊ အောက်တိုဘာ ၁၁-၂၀၂၁
မျိုးဆက် (VOM)
 
အမေရိကန်ရေတပ်အင်ဂျင်နီယာတစ်ဦးနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ နျူကလီးယားရေငုပ်သင်္ဘောရဲ့ လျှို့ဝှက်ချက်တွေကို တခြားနိုင်ငံကို ရောင်းချဖို့ကြိုးစားခဲ့တာကြောင့် ဖမ်ဆီးခံလိုက်ရပါတယ်။
 
ဂျိုနသန်တိုဘီဆိုသူနဲ့ ဇနီးဖြစ်သူ ဒိုင်ယာနာတို့ကို အနောက်ဗာဂျီးနီးယားပြည်နယ်မှာ အောက်တိုဘာကိုးရက်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက အောက်တိုဘာ ၁၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
 
သူတို့နှစ်ဦးဟာ နျူကလီးယားရေငုပ်သင်္ဘောဆိုင်ရာ အချက်အလက်တွေကို အသားညှပ်ပေါင်မုန်တစ်ခုအတွင်း ဝှက်ပြီး အခြားနိုင်ငံတစ်ခုမှ ကိုယ်စားလှယ်ဖြစ်တယ်လို့ ယူဆရသူတစ်ဦးထံရောင်းချဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
 
အသက် ၄၂ နှစ်ရွယ် မစ္စတာတိုဘီနဲ့ ၄၅နှစ်အရွယ် ဇနီးဖြစ်သူတို့ဟာ လက်ရှိမှာ အက်တမ်စွမ်းအက် အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတယ်လို့ အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
မစ္စတာတိုဘီဟာ အမေရိကန်ရေတပ်ရဲ့ နျုကလီးယားစွမ်းအင်အစီအစဉ်မှယာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတွေကင်းရှင်းသူတစ်ဦးလည်းဖြစ်ပါတယ်။
 
Ref: BBC
Photo: US Navy
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW