ဖမ်းခံထားရသူ ၅ ဦးက ထွက်ပြေးလို့ဆိုပြီး ပစ်ခတ်ရာ လူ ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ၊ ကံသာကြီးကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၀ မနက်အစောပိုင်း ၂ နာရီလောက်မှာ ရဲနဲ့ စစ်သားတွေဟာ ဖမ်းဆီးထားတဲ့ လူ ၅ ယောက်ကို ကားပေါ်ကနေ ခုန်ချထွက်ပြေးတယ်ဆိုပြီး သေနတ်နဲ့ ပစ်ခတ်လို့ လူ ၁ ယောက်သေဆုံးကာ ကျန် လူ ၄ ယောက်မှာ ကျည်ဆံထိမှန် ဒဏ်ရာတွေရခဲ့တယ်လို့ ပွင့်ဖြူမြို့ခံတွေက ပြောပါတယ်။
 
” အဖမ်းခံရတဲ့ လူ ၅ ယောက်က ကံသာကြီးရွာက ကိုထက် ၊ ကိုစိုးလွင်ဦး ၊ ကိုသန်းလွင်မြင့် ၊ အောင်ချမ်းသာ ကွက်သစ်က လူ ၁ ယောက်နဲ့ စံပြရွာက ကိုခန့်စည်သူတို့ဖြစ်တယ် ၊ သူတို့ ၅ ယောက်ကို ရဲနဲ့ စစ်သားတွေက ဖမ်းပြီး ကားပေါ်တင်ထားတဲ့အချိန် သူတို့က ကားပေါ်ကနေ ခုန်ချထွက်ပြေးတာ ” လို့ ကံသာကြီးရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ အဖမ်းခံရတဲ့ လူတွေ ကားပေါ်ကနေ ခုန်ချထွက်ပြေးတဲ့အခါ ရဲနဲ့ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီတဲ့အတွက် ကံသာကြီးရွာက ကိုထက် ဆိုသူဟာ နေရာမှာတင် ကျည်ဆံထိမှန် သေဆုံးခဲ့တာဖြစ်ပြီး ကျန် လူ ၄ ယောက်လည်း ကျည်ဆံထိမှန် ပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ဖမ်းဆီးခံရတဲ့ လူ ၅ ယောက်ကို ဆက်သွယ်ရေးတာဝါတိုင်မှာ ကင်းပုန်ဝပ်နေတဲ့ ရဲနဲ့ စစ်သားတွေက ဖမ်းဆီးလိုက်တာဖြစ်ပြီး အဖမ်းခံရတဲ့လူတွေကို ပွင့်ဖြူမြို့ပေါ်ကို ပို့ဆောင်ဖို့ လုပ်နေတဲ့အချိန် အခုလိုဖြစ်စဉ် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ပွင့်ဖြူ

Related posts

Leave a Comment

VOM News

FREE
VIEW