လမ်းပေါ်နေကလေးများလျော့နည်းရေး စီမံချက်နယ်မြေများအဖြစ် မြို့နယ်(၉)မြို့နယ်သတ်မှတ်

အောက်တိုဘာ ၁၁-၂၀၂၁
KK(VOM)
 
လမ်းပေါ်နေကလေးများ လျော့နည်းစေရေးနှင့်ကာကွယ်စောင့်ရှောက်ရေး ကနဦးစီမံချက်နယ်မြေများအဖြစ် မြို့နယ်(၉)မြို့နယ်ကို သတ်မှတ်လျာထားတယ်လို့ လှုမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
 
နေပြည်တော်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၉ရက်နေ့ကပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အခုလိုသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းက (၄)မြို့နယ်၊မန္တလေးတိုင်းက (၄)မြို့နယ်နဲ့ နေပြည်ကောင်စီမှာ (၁)မြို့နယ် ပါဝင်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက အမည်မဖော်လိုသူတဦးက ပြောပါတယ်။
 
“စီမံခန့်ခွဲမှုနည်လမ်းကောင်းတွေနဲ့ လုပ်ဆောင်သွားမှာပါ၊ စီမံချက်ဆောင်ရွက်ချက်အပေါ်မူတည်ပြီး နှစ်အလိုက် မြို့နယ်တွေတိုးမြှင့်ပြီး လုပ်သွားမယ်၊ ဥပဒေအရဆောင်ရွက်တဲ့အပိုင်းရယ် ကလေးမိဘတွေကို ကူညီထောက်ပံ့မှုအပိုင်းရယ် ပုံစံနှစ်မျိုးနဲ့ဆောင်ရွက်
သွားမှာပါ” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ကနဦး စီမံချက်နယ်မြေတွေမှာပါဝင်တဲ့ မြို့နယ်တွေကတော့ လှိုင်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ပျဉ်းမနားမြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။
 
ရန်ကုန်ရှိ မြို့နယ်အချို့မှာ ကလေးသူငယ်တွေကို တောင်းရမ်းခိုင်းခြင်း၊ ကားမှတ်တိုင်တွေမှာ စျေးရောင်းခိုင်းခြင်းတွေကို နောက်ကွယ်ကနေ စေခိုင်းသူတွေကို ထိရောက်စွာအရေးယူသင့်တယ်လို့ ပရဟိတအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“လျှော့နည်းအောင်လုပ်ရမှာမဟုတ်ဘူး ပပျောက်အောင်လုပ်ရမှာ၊ အခုဆို ကလေးတွေရဲ့ အနာဂတ်ကပျောက်နေတယ်၊ တောင်ရမ်းခိုင်းတဲ့နောက်ကွယ်က လူတွေကို ဖမ်းပြီးအရေးယူရမှာ”လို့ သူကပြောပါတယ်။
 
လမ်းပေါ်နေကလေးများနဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းများနဲ့ အခြား NGOအဖွဲ့အစည်းများကလည်း ထောက်ံ့ပံ့ပေးခြင်း၊ပညာသင်ပေးခြင်းတို့ကို မိမိတို့အစီအစဥ်နဲ့ပြုလုပ်နေတာရှိတယ်လို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၂၀ပြည့်နှစ်က လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ လမ်းပေါ်နေကလေးတွေကို မိသားစုနဲ့ပြန်လည်ပေါင်းစည်းနိူင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ မိဘထံပြန်လည်အပ်နှံခဲ့တဲ့ ကလေးဦးရေ ၄၄၆ဦး၊အခြေခံပညာနဲ့အဆင့်မြင့်ပညာသင်ကြားသူဦးရေ၄၄၉
ဦး၊ကျောင်းပြင်ပ ပညာသင်ကြားသူဦးရေ ၅၁ဦး၊သက်မွေးပညာသင်ကြားသူဦးရေ ၉၉၁ဦး၊အလုပ်ရကလေးဦးရေ ၁၁၇ ဦးရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
 
#voiceofmyanmar #VOM #လမ်းပေါ်နေကလေးလျော့နည်းရေး #စီမံချက်

Related posts

Leave a Comment

VOM News

FREE
VIEW