ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံ၊မြောက်ဥက္ကလာတို့မှာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံရ

ရန်ကုန်၊အောက်တိုဘာ ၁၂-၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်းထဲက ဒဂုံဆိပ်ကမ်း၊တောင်ဒဂုံနဲ့မြောက်ဥက္ကလာပမြို့နယ်တွေမှာ မနေ့ အောက်တိုဘာ ၁၁ရက်ညပိုင်းက နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ ရပ်ကွက်မှာ စစ်တပ်နဲ့ရဲတွေဟာ မနေ့ည ၁၁နာရီက နိူင်ငံရေးအကျဥ်းသားဟောင်းတဦးဖြစ်တဲ့ ဦးကြည်လင်းနဲ့ကိုစည်သူတို့ကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“မနေ့ညကဝင်ဖမ်းတာ သုံးယောက်၊ ဦးကြည်လင်းရယ် ကိုဖိုးဇော်ရယ် ကိုစည်သူရယ်၊ ကိုဖိုးဇော်က လွတ်သွားတယ် နှစ်ဦးအဖမ်းခံရတယ်၊ ဘာကြောင့်ဖမ်းလဲမသိဘူး ဖုန်း၁လုံး ဆိုင်ကယ် ၁စီးရယ်ပါသွားတယ်၊ ဒလန်တွေ ဇိုးတွေပါတယ် စစ်တပ်နဲ့အတူလာဖမ်းတဲ့အထဲမှာ”လို့ သူကရှင်းပြပါတယ်။
 
အလားတူ စစ်တပ်နဲ့ရဲတွေဟာ တောင်ဒဂုံမြို့နယ်၊ ၅၆ရပ်ကွက်မှ ကိုစနေနဲ့ ၇၀ ရပ်ကွက်က မချို တို့နှစ်ဦးကိုလည်း မနေ့ညပိုင်းက ထပ်မံဖမ်းဆီးခဲ့သေးတယ်လို့ တောင်ဒဂုံမြို့ခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်၊ ဌရပ်ကွက် ခြောက်ကွေ့အနီးမှာ မနေ့ညပိုင်းက လူငယ်တဦးကို အရပ်ဝတ်တွေနဲ့လူအများစုက ဝိုင်းဝန်းရိုက်နှက်ကာ လက်ထိပ်ခတ်ပြီး ဖမ်းဆီးခေါ်သွားတယ်လို့ ဌရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
မနေ့ညက ဖမ်းဆီးခဲ့တဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့လပိုင်းတွေက ဗုံးပေါက်ကွဲမှုတွေ သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် သေဆုံးရသူတွေလည်းရှိပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ရက်နေ့က ရန်ကုန်တိုင်းအစိုးရ
အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၁၄၄ထုတ်ပြန်ထားတဲ့ ၃၁မြို့နယ်ထဲမှာ မနေ့ညက ဖမ်းဆီးခံခဲ့ရတဲ့ မြို့နယ်တွေလည်းပါဝင်နေတာ တွေ့ရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW