အစွမ်းထက်တပ်မတော် တည်ဆောက်သွားမယ်လို့ ကင်ဂျုံအန်ကတိပြု

ပြုံးယမ်း၊ အောက်တိုဘာ-၁၂-၂၀၂၁
မျိုးဆက် (VOM)
 
မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ရန်လိုတဲ့မူဝါဒတွေနဲ့ ရင်ဆိုင်နေရပေမယ့် အစွမ်းထက် တပ်မတော်တည်ဆောက်မယ်လို့ ကင်ဂျုံအန်က ကတိပြုပြောဆိုလိုက်ပါတယ်။
 
မြောက်ကိုရီးယားအနေနဲ့ လက်နက်တွေတည်ထွင်ထုတ်လုပ်တယ်ဆိုတာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက်ဖြစ်ပြီး စစ်ပွဲစဖို့မဟုတ်ဘူးလို့ ကင်ဂျုံအန်ကဆိုပါတယ်။
 
အကြီးစားဒုံးပျံတွေအပါအ၀င် ရှားရှားပါးပါးပြုလုပ်
တဲ့ လက်နက်ပြပွဲတစ်ခုမှာ ကင်ဂျုံအန်က အခုလိုက်ပြောဆိုလိုက်ပါတာဖြစ်ပါတယ်။
 
မြောက်ကိုရီးယားဟာ မကြာသေးမီက အသံထက်မြန်တဲ့ဒုံးပျံနဲ့ လေယာဉ်ပစ်ဒုံးပျံသစ်တွေကို စမ်းသပ်အောင်မြင်ခဲ့တယ်လို့ အခိုင်အမာ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
ဒီအတောအတွင်း တောင်ကိုရီးယားကလည်း ရေငုပ်သင်္ဘောပေါ်ကနေ ပစ်ခတ်နိုင်တဲ့ ပြည်တွင်းဖြစ်ဒုံးပျံတစ်မျိုးကို စမ်းသပ်ခဲ့ပါတယ်။
 
မြောက်ကိုရီးယားမှာပြုလုပ်တဲ့ Self-Defence 2021 လက်နက်ပြပွဲမှာ တင့်ကားတွေအပါအ၀င် စစ်လက်နက်ပစ္စည်းမျိုးစုံကို ပြသခဲ့ပြီး မြောက်ကိုရီးယားအနေနဲ့ အိမ်နီးချင်းနိုင်ငံကို မတိုက်ခိုက်လိုဘူးလို့ တောင်ကိုရီးယားကို ရည်ညွှန်းပြီး ကင်ဂျုံအန်က ပြောဆိုခဲ့ပါတယ်။
 
Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW