နီပေါအနောက်မြောက်ပိုင်းမှာ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၂၈ ဦးသေဆုံး

ခတ္တမန္ဒူ ၊ အောက်တိုဘာ-၁၃-၂၀၂၁
မျိုးဆက်(VOM)
 
နီပေါနိုင်ငံအနောက်မြောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၂၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
 
အဲဒီဘတ်စ်ကားဟာ မူဂူခရိုင်ကိုဖြတ်ပြီး မောင်းနှင်နေချိန်မှာ အောက်တိုဘာ ၁၂ ရက်နေ့လယ်ပိုင်းမှာ လမ်းချော်ပြီး ချောက်အတွင်းကို တိမ်းမှောက်သွားတာဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
 
ဘတ်စ်ကားတိမ်မှောက်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။ ဒါပေမယ့် ဘတ်စ်ကားဟာ ဘရိတ်ပေါက်ပြီးနောက် ချောက်အတွင်းသို့တိမ်းမှောက်သွားတာဖြစ်ဖွယ်ရှိတယ်လို့ သတင်းဌာနအချို့ ဖော်ပြထားပါတယ်။
 
နီပေါနိုင်ငံမှာ များသောအားဖြင့် လမ်းတွေမကောင်းတာနဲ့ မော်တော်ယာဉ်တွေကို ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် လမ်းမတော်တဆမှုဖြစ်ပွားတာတွေဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။
 
ဘတ်စ်ကားတိမ်းမှောက်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ဒဏ်ရာရရှိသူတစ်ဒါဇင်ကျော်ကို အနီးနားရှိဆေးရုံသို့ တင်ပို့ထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။
 
Ref: BBC
Photo: APA
#voiceofmyanmar #VOM #ခတ္တမန္ဒူ

Related posts

Leave a Comment

VOM News

FREE
VIEW