ကျယ်ဂေါင်-မန့်ဝိန်းဂိတ် ဖွင့်ပေးမယ့် အစီအစဉ်ဆိုင်းငံ့

အောက်တိုဘာ ၁၅-၂၀၂၁
Shy V (VOM)
 
တရုတ်နိုင်ငံ၊ ကျယ်‌ဂေါင်မှာ ပိတ်မိနေတဲ့ မြန်မာဘက် တင်သွင်းမယ့် ကုန်တွေကိုထုတ်ယူဖို့ ကျယ်ဂေါင်-မန့်ဝိန်းဂိတ် ဖွင့်ပေးမယ့် အစီအစဉ်ကို နှစ်နိုင်ငံ သဘောတူညီမှု မရှိတာကြောင့် ဆိုင်းငံ့ကာ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ မြန်မာလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
“တရုတ်နဲ့ညှိတာ အဆင်မပြေဘူး။ အဆင်မပြေတဲ့အတွက်ကြောင့် ကျယ်ဂေါင် ဖွင့်ပေးမယ့် ၁၅ ရက်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါပြီ။” လို့ မြန်မာလုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံဘက်က တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ တရုတ်ဘက်က တဖက်သတ်အစီစဥ်ကို လက်မခံဘဲ တရုတ်ဘက်က ကားအစီးရေ ၁၀၀၀ မြန်မာဘက်ကိုဝင်ရင် မြန်မာဘက်ကလည်း တရုတ်နိုင်ငံကို ကားအစီးရေ ၁၀၀၀ ဝင်ခွင့်ပြုရမယ်လို့ တင်ပြလိုက်တာကြောင့် တရုတ်ဘက်ကလည်း အထက်သို့တင်ပြသွားမှာ ဖြစ်တယ်လို့ သိရကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။
 
” အဲ့ဒီအစည်းအဝေးမှာ တရုတ်နိုင်ငံဘက်က တင်ပြလာတဲ့ အစီအစဥ်က တရုတ်နိုင်ငံအတွင်းကနေ ကုန်စည်တွေ တင်ဆောင်တဲ့ ကားတွေကိုသာ တရုတ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို ထွက်ခွင့်ပြုပေးမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်က ကုန်စည်တင်ဆောင်ထားတဲ့ ကားတွေကို တရုတ်နိုင်ငံကို ဝင်ရောက်ခွင့်မပြုတဲ့ အစီအစဥ်ကိုတင်ပြလာတာဖြစ်တယ်”လို့ သူကပြောပါတယ်။
 
အောက်တိုဘာ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိပုဂ္ဂိုလ်တွေဟာ တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် ပိတ်ထားတဲ့ နယ်စပ် အဝင်/အထွက်ဂိတ်တွေ ပြန်လည် ဖွင့်ဖို့ Online အစည်းအဝေးတခု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
ကျယ်ဂေါင်-မန့်ဝိန်းဂိတ်ပေါက်ကို ကိုဗစ်ရောဂါအကြောင်းပြချက်နဲ့ တရုတ်ဘက်ကနေ ဧပြီလ လဆန်းပိုင်းကတည်းက ယာယီပိတ်ထားလိုက်တာလည်း ဖြစ်ပါတယ်။
 
Photo – CJ
#voiceofmyanmar #VOM #ကျယ်ဂေါင် #နယ်စပ်ဂိတ်ဖွင့်မယ့်အစီအစဉ် #ဆိုင်းငံ့

Related posts

Leave a Comment

VOM News

FREE
VIEW