ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်ကို ပုဒ်မ ၁၄၄ ထုတ်

နေပြည်တော်၊ အောက်တိုဘာ၁၅၊၂၀၂၁
KT(VOM)
 
အောက်တိုဘာ ၁၄ ရက် ညနေက တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို သက်ဆိုင်ရာကခေါ်ယူတွေ့ဆုံပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း အသိပေးခဲ့ပါတယ်။
 
တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာမှာ
” အေးအေး ကျုပ်ပါးစပ်ကို ၁၄၄ ထုတ်လိုက်သဗျ ” လို့ ရေးသားထားပါတယ်။
 
ပြီးတဲ့ရက်က သမ္မတဦးဝင်းမြင့်တို့ရုံးချိန်းမှာ ဦးဝင်းမြင့်ပြောခဲ့တဲ့ နစကက အာဏာမထိမ်းခင် တွေ့ကြုံခဲ့ရတဲ့ အခြေအနေကို တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကတဆင့် သတင်းမီဒီယာကို ပြောခဲ့တဲ့ ကိစ္စကြောင့်လို့ သိရပါတယ်။
 
ဦးခင်မောင်ဇော်ကို ထုတ်ပြန်တဲ့ ပုဒ်မ ၁၄၄ ဆိုတာ ရာဇဝတ်ကျင့်ထုံးဥပဒေ အခန်း၁၀မှာ “အဆောတလျင်ဖြစ်သည့် စိတ်ညိုညင်စေမှု၊ သို့မဟုတ် ဘေးဥပါဒ်အန္တရာယ်ဖြစ်ပွားရန်ရှိသည့်အမှုများတွင် ခေတ္တအမိန့်များအကြောင်း”
ပုဒ်မ ၁၄၄။ (၁)
ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ယခုပုဒ်မအရ အမှုဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတကဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီးကဖြစ်စေ၊ အထူးအခွင့်အာဏာအပ်နှင်းရရှိသူ ၊ အခြားရာဇဝတ်တရားသူကြီးတစုံတယောက်က ချက်ချင်းတားဆီး၊ အဆောတလျင်ပပျောက်အောင်ပြုလုပ်ရန်လိုကြောင်းနှင့် ထင်မြင်သည့်အမှုများတွင် ၎င်းရာဇဝတ်တရားသူကြီးက တစုံတခုသောအမှုကို မပြုမလုပ်ရှောင်ကြဥ်ရမည့်အကြောင်း၊ သို့မဟုတ်လက်ရှိပစ္စည်းကိုသော်၎င်း ကြည့်ရှုစောင့်ထိန်းရသည့်
ပစ္စည်းကိုသော်၎င်း၊ တစုံတရာစီမံပြုလုပ်ရမည့်အကြောင်းနှင့် ဆင့်ဆိုလျှင် တရားသဖြင့်လုပ်ကိုင်ရသူ တို့အား တားဆီးနှောင့်ယှက်ထိခိုက်ခြင်းဖြစ်သည့်အရာကိုဖြစ်စေ၊ တားဆီးညိုညင်ထိခိုက်ခြင်းဖြစ်မည့် စိုးရိမ်သည့်အရာကိုဖြစ်စေ၊ လူ့အသက်မှစ၍ လူတို့ကျန်းမာချမ်းသာမှုကို ထိခိုက်၍ဘေးဥပါဒ်အန္တရာယ်
ဖြစ်မည့်လက္ခဏာရှိသည့်အရာကိုဖြစ်စေ၊ ဆူပူသောင်းကျန်း၌သော်၎င်း၊ ခိုက်ရန်ဖြစ်၍သော်၎င်း၊ရုန်းရင်းဆန်ခတ်မှုကိုဖြစ်စေ၊ မဖြစ်ပွားစေနိုင်ရန် လက္ခဏာရှိကြောင်း၊ သို့တည်းမဟုတ် မဖြစ်မပွားစေနိုင်မည့်အကြောင်းရှိကြောင်းနှင့် ထင်မြင်သည့်အခါ အမှုရင်းအကြောင်းအချက်များကိုဖော်ပြရေးသား၍
ပုဒ်မ၁၃၄တွင်ပြဌာန်းပါရှိသည့်နည်းအတိုင်းအမိန့်စာကို ချအပ်စေ၍ မည်သူကိုမဆို ဆင့်ဆိုခွင့်ရသည်လို့ပါရှိပါတယ်။
 
ပုဒ်မအရ အမိန့်ကို လူတဦးတယောက်တည်းသို့ဖြစ်စေ ရပ်ကွက်ဒေသတစုံတရာကို ချင်းနင်းဝင်ရောက်သည့်အခါ အများသို့ဖြစ်စေ ဆင့်ဆိုခွင့်ရသည်လို့ တွေ့ရှိပါတယ်။
 
ရာဇဝတ်ကျင့်ထုံး ပုဒ်မ၁၄၄ အရ ချမှတ်တဲ့အမိန့်ကိုဖောက်ဖျက်ရင် ရာဇသတ်ကြီးပုဒ်မ (၁၈)နဲ့စွဲလေ့ရှိတယ်လို့ ဥပဒေကြောင်းအရသိရပါတယ်။
 
#voiceofmyanmar #VOM #ဦးခင်မောင်ဇော် #ပုဒ်မ ၁၄၄

Related posts

Leave a Comment

VOM News

FREE
VIEW