မန္တလေး မြို့တော်ခန်းမအနီးမှာ ဗုံးပေါက်ကွဲမှူဖြစ်ပွား

အောက်တိုဘာ ၁၈-၂၀၂၁
Ko HiK (VOM)
 
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမအနီး ၂၇လမ်းနဲ့ ၇၁လမ်းထောင့်မှာ ဒီကနေ့မနက် ၁၁နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
 
သတင်းရင်းမြစ်တဦးကတော့ “မြို့တော်ခန်းမရဲ့ တောင်ဘက် အုတ်နံရံမှာ ပေါက်ကွဲတာ၊ အဲ့ဒီနားရပ်ထားတဲ့ ကားအချို့နဲ့ အုတ်နံရံ နည်းနည်းပျက်စီးသွားတယ်”လို့ ပြောပါတယ်။
 
“ကျနော်က ၂၈လမ်းဘက်ကနေ ဆိုင်ကယ်မောင်းလာတာ အုန်းဆိုတဲ့အသံကို ကြားတာပဲ၊ မြို့တော်ခန်းမဘက်ကို ကွေ့ဖို့လုပ်ချိန် စစ်သားတွေက လမ်းပိတ်ပြီး ပြန်ကွေ့ခိုင်းတာပဲ၊ အရင်က အဲ့နေရာမပေါက်ဖူးဘူး၊ ရပ်ကျေးရုံးတို့ ရဲစခန်းတို့လောက်ပဲ ပေါက်တာ”လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုအတိအကျကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဒါ့အပြင် မြို့တော်ခန်းမအနီး ပေါက်ကွဲမှုဖြစ်ပွားအပြီး မန္တလေးမြို့က နေရာအချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
 
ပုံစာ- ၂၇လမ်းနှင့် ၇၁လမ်းထောင့် မြင်ကွင်း
#voiceofmyanmar #VOM #မန္တလေး #မြို့တော်ခန်းမအနီး #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW