မြန်မာ့အရေးဖြေရှင်းဖို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ထိုင်းမှာလာရောက်ဆွေးနွေးမယ်

၀ါရှင်တန်၊ အောက်တိုဘာ-၁၈-၂၀၂၁
မျိုးဆက် (VOM)
 
အမေရိကန်ဟာ ဒေသတွင်း သူ့ရဲ့ကတိက၀တ်တွေကို အတည်ပြုဖို့နဲ့ မြန်မာနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို ထိုင်းနိုင်ငံကို စေလွှတ်သွားမှာဖြစ်ပါတယ်။
 
ကိုယ်စားလှယ်အဖွဲ့ရဲ့ အရှေ့တောင်အာရှခရီးစဉ်ဟာ အောက်တိုဘာ ၁၇ ရက်ကနေ ၂၂ ရက်ထိဖြစ်ပြီး အင်ဒိုနီးရှားနဲ့စင်ကာပူတို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။
 
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့တဲ့ စီးပွားရေးတွေပြန်လည်နာလန်ထူရေးအပါအ၀င် အရှေ့တောင်ရှနဲ့ အမေရိကန် ပိုမိုပူးပေါင်းဖို့ ၊ အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အဖွဲ့၀င်နိုင်ငံတွေရဲ့ ပြသနာအချို့အပေါ် ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
 
မြန်မာပြည်သူတွေအပေါ် အမေရိကန်ရဲ့ ကတိက၀တ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအ၀င် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးအတွက် အာဏာပိုင်တွေကို ဖိအားပေးဖို့တွေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
 
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုတွေပေးရေးအတွက်လည်း ဆွေးနွေးရာမှာ ပါ၀င်မှာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW