လွန်ခဲ့တဲ့နှစ် ၉၀၀ က ခရူးဆိတ်သူရဲကောင်းတဦးရဲ့ဓါး အစ္စရေးကမ်းလွန်မှာ တွေ့ရှိ

ဂျေရုဆလင်၊ အောက်တိုဘာ-၁၉-၂၀၂၁
မျိုးဆက် (VOM)
 
လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ခန့်က ခရူးဆိတ်သူရဲကောင်းတစ်ဦးပိုင်ဆိုင်ခဲ့တယ်လို့ ယူဆရတဲ့ ဓါးတစ်ချောင်းကို အစ္စရေးမြောက်ပိုင်းကမ်းရိုးတန်းမှာ အပျှော်တမ်းရေးငုပ်သမားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
 
အရှည် ၃ ဒသမ ၃ ပေရှိတဲ့ အဲဒီဓါးကို Shlomi Katzin ဆိုသူက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
 
အဲဒီဓါးကို သန့်ရှင်းမှုတွေလုပ်ပြီး ခွဲခြမ်းစိတ်ဖြာပြီးသွားရင်တော့ အများပြည်သူကြည့်ရှုနိုင်အောင် ပြသသွားမယ်လို့ အစ္စရေးရှေးဟောင်းပစ္စည်း အာဏာပိုင်အဖွဲ့ကပြောပါတယ်။
 
မူလပုံစံမပျက်စီးသေးတဲ့ အဲဒီဓါးဟာ လှပပြီး ရှားပါးတဲ့ ရှာဖွေတွေ့ရှိမှုဖြစ်ပြီး ခရူးဆိတ်သူရဲကောင်းတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့ဓါးဆိုတာ သိသာထင်ရှားတယ်လို့ အစ္စရေးအာဏာပိုင်တွေကဆိုပါတယ်။
 
ဒီလိုပစ္စည်းကိုရှာဖွေတွေ့ရှိမှုဟာ စိတ်လှုပ်ရှားစရာဖြစ်ပြီး မြင်ရသူကို သူရဲကောင်းတွေ၊ ချပ်၀တ်တန်ဆာတွေ ဓါးတွေအသုံးပြုကြတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ က မတူကွဲပြားတဲ့ခေတ်တစ်ခေတ်ကို ခေါ်ဆောင်သွားနိုင်တယ်လို့ ရေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
 
Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ဂျေရုဆလင်

Related posts

Leave a Comment

VOM News

FREE
VIEW