ပြည်မြို့ထဲက စစ်ဆေးရေးဂိတ်မှာ ဗုံးကွဲပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိ

အောက်တိုဘာ ၂၂-၂၀၂၁
GH ( VOM )
 
ပြည်မြို့ထဲက ၉၅၉စစ်တပ်ရှေ့ သံလမ်းဂိတ်မှာ မနေ့အောက်တိုဘာ၂၁ ရက် ညပိုင်းက မြို့ထဲသွားလာနေသူတွေကို စစ်ဆေးနေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေရှိတဲ့အပြင် ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီနေရာမှာ စစ်တပ်အစောင့်ချထားတဲ့ ဂိတ်တခုရှိပြီး ညပိုင်းကို အဓိကစစ်ဆေးမှုတွေလုပ်တယ်လို့ ဒေသခံတွေကပြောပါတယ် ။
 
” နေ့ဘက် အဲ့ဒီနေရာသိပ်မစစ်ဘူး။တခါတလေပဲ။ညကတော့ စစ်တယ်။ ဆိုင်ကယ်တွေ ပိုစစ်တယ်။ ညက ပေါက်ကွဲမှုမှာ ပထမသိရတာ ၂ ယောက်ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာ ၆ ယောက်ရှိတယ်။နောက်ထပ်သိရတာက ဒဏ်ရာရတဲ့အထဲက ၃ ယောက်ထပ်သေတယ်။ ဖြစ်တဲ့နေရာက ဆေးရုံကြီးနဲ့နီးတယ်။ ” လို့ ပြည်မြို့ခံတဦးကပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး မြို့တွင်းပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
 
မနေ့က စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲတာကိုတော့ PUGF အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFက သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
 
ပြည်မြို့မှာ အောက်တိုဘာ ၁၉ ရက် ညပိုင်းကလည်း ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ လျှပ်စစ်ရုံးတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း
ပြည်မြို့ ၊ မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့လို့ သေဆုံးနဲ့ ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ် ။
 
ပုံစာ-ပြည်မှာ အရင်နေ့တွေကစစ်ဆေးရေးလုပ်နေပုံ
#voiceofmyanmar #VOM #ပြည် #စစ်ဆေးရေးဂိတ် #ဗုံးကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW