ကျိုက်ထိုနဲ့ သထုံက NLD ပါတီရုံးတချို့မှာ ဗုံးပေါက်

ရန်ကုန်၊အောက်တိုဘာ ၂၄၊၂၀၂၁
KK(VOM)
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နဲ့ သထုံမြို့က NLDပါတီရုံးတချို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မနေ့ အောက်တိုဘာ ၂၃ ရက် ည ၁၂ နာရီဝန်းကျင်က ကျိုက်ထိုမြို့နယ် NLDပါတီ ရုံးမှာ ပေါက်ကွဲမှု ဖြစ်တဲ့အကြောင်း ကျိုက်ထို NLD ပါတီဝင်တဦးက ပြောပြတာက
 
“မနေ့ည ၁၂ နာရီကျော်က ဖြစ်တာ ရုံးထဲမှာ လူမရှိတော့ လူကတော့ ထိခိုက်မှုမရှိဘူး ရုံးတွင်းပစွည်းတွေတော့ ပျက်စီးသွားတယ်”
လို့ ပြောပါတယ်။
 
အလားတူ သထုံမြို့ NLDပါတီ ရုံးမှာလည်း မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း ရုံးတွင်းပစွည်းတွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
မနေ့ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး မှာဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
 
ပြီးခဲ့တဲ့လတွေက ကျိုက်ထိုမြို့နယ်နဲ့သထုံမြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှုးရုံးတွေနဲ့ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမည်မသိသေနတ်သမားတွေ ပစ်ခတ်လို့ သေဆုံးခဲ့ရသူတွေလည်းရှိပါတယ်။
 
#voiceofmyanmar #VOM #မွန်ပြည်နယ် #ကျိုက်ထို #သထုံ

Related posts

Leave a Comment

VOM News

FREE
VIEW