ထိုင်းကိုခိုး၀င်တဲ့ မြန်မာအလုပ်သမား ၁၂၀ ဦးဖမ်းဆီးခံရပြန်

ဘန်ကောက်၊ အောက်တိုဘာ-၂၅-၂၀၂၁
မျိုးဆက် (VOM)
 
ထိုင်းနိုင်ငံ ဆိုင်ရောက်ခရိုင်မှာ တရားမ၀င်နယ်စပ်ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာ ၁၂၀ ဦးကို အောက်တိုဘာ ၂၄ ရက်မှာ ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
 
ထိုင်းရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတာ၀န်ရှိသူတွေဟာ သတင်းအရ ဆီမောင်ကွန်ရှိ ကျေးရွာတရွာအနီးသစ်တောထဲမှာ ကင်းလှည့်ရာမှာ မြန်မာနိုင်ငံသား အမျိုးသား ၆၅ ဦးနဲ့ အမျိုးသမီး ၅၅ ဦးကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။
 
လက်ရှိမှာတော့ သူတို့ကို ကိုဗစ်-၁၉ ကူးစက်မှုရှိမရှိ စစ်ဆေးမှုတွေလုပ်ဆောင်ပေးထားပြီး ထား၀ယ်၊ ရန်ကုန်၊ မော်လမြိုင်နဲ့ ပဲခူးမြို့နယ်တို့ကဖြစ်တယ်လို့ ဆိုပါတယ်။
 
သူတို့ဟာ ဘန်ကောက်၊ ဆာမွတ်ဆာခွန်၊ နာခွန်ပါသွန်တို့မှာ အလုပ်လုပ်ကိုင်ဖို့အတွက် မြန်မာပွဲစားကို ဘတ် ၁၇၀၀၀ ကနေ ၂၀၀၀၀ ထိပေးခဲ့ရတယ်လို့ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေက ပြောပါတယ်။
 
ဖမ်းမိသူတွေကို ဆိုင်ရောက်ရဲစခန်းကို လွှဲပြောင်းပေးထားပြီး တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု၊ အရေးပေါ်အခြေအနေတွေကို ဖောက်ဖျက်မှုနဲ့ စွဲချက်တင်ထားပြီး နေရပ်ပြန်ပို့ရေးကို ဆိုင်းငံ့ထားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။
 
Ref: Bangkok Post
 
#voiceofmyanmar #VOM #ထိုင်းရောက်မြန်မာတွေဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW