ရေတာရှည်မြို့လယ်က CB Bank ဓားပြတိုက်ခံရ

နို၀င်ဘာ ၆-၂၀၂၁
GH ( VOM )

ပဲခူးတိုင်း၊ ရေတာရှည်မြို့လယ်၊ ၂ရပ်ကွက်မှာရှိတဲ့ CB Bankမှာ မနေ့ နိုဝင်ဘာ ၅ ရက်နေ့ ၊နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ ရေတာရှည်မြို့နယ်ဒေသခံတွေဆီကသိရပါတယ်။

” ပိုက်ဆံကတော့ ၅၀၀ ကျော်လို့ကြားနေတယ် အသေချာတော့မသိဘူး။ ဓားပြတိုက်တာကို သိပ်မသိကြဘူး။စစ်သားတွေရဲတွေရောက်လာလို့ သိကြရတာ။ ဖြစ်ဖြစ်ချင်းတော့ အနီးအနားအကုန်စစ်တာပဲ။ ဓားပြတိုက်တာက မျက်နာတွေအုပ်ထားတယ်လို့သိရတယ်၊ ဘဏ်က မြို့လယ်ခေါင်မှာ စစ်သားတွေနဲ့စောင့်ကြည့်နေတဲ့နေရာ ။ ဆိုင်ကယ်ပါမကျန် စစ်ဆေးရေအရမ်းကြမ်းတဲ့မြို့ကို နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်တယ်ဆိုတော့ စဉ်းစားစရာ”လို့ ဒေသခံတဦးကပြောပါတယ်။

ဆိုင်ကယ် ၂ စီးနဲ့ မျက်နှာဖုံးစွပ်ထားတဲ့သူ (၄)ဦးက ဓားပြတိုက်ခဲ့တာဖြစ်ကြောင်း၊ ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ပိတ်ဆို့စစ်ဆေးတာ ၊ ဘဏ်အနီးကိုရှာဖွေစစ်ဆေးတာရှိပေမယ့် တရားခံတွေဖမ်းဆီးရမိတာမျိုးတော့မရှိသေးဘူးလို့ သိရပါတယ်။

CB Bank ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ရေတာရှည်ရဲစခန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ပဲခူးမြို့ AYA bank ကနေ ငွေသယ်ဆောင်လာတဲ့ ငွေသယ်ကား အင်းတကော်မြို့မှာ ဓားပြတိုက်ခံခဲ့ရ​သလို့ အောက်တိုဘာလထဲမှာလည်း ရန်ကုန်က KBZ Bank တချို့ဓားပြတိုက်ခံခဲ့ရပါတယ်။

#voiceofmyanmar #VOM #ရေတာရှည် #CBဘဏ် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW