ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိမှုမှာ ဦးဖြိုးမင်းသိန်းရဲ့ဇနီးဖြစ်သူ သက်သေလာထွက်ဆို

နိုဝင်ဘာ ၁၂-၂၀၂၁
KT(VOM)
 
နေပြည်တော်အထူးတရားရုံးမှာ ဒီကနေ့မနက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အဂတိနဲ့ တရားစွဲဆိုထားတဲ့အမှုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်က သက်သေလာရောက်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ ရယူတယ်ဆိုပြီး အဂတိလိုက်စားမှုပုဒ်မနဲ့ တရားစွဲဆိုတာကို ဒေါ်ခင်မိမိကြွယ်က အခုလို သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
Photo- Crd
#voiceofmyanmar #VOM #နေပြည်တော် #ဒေါ်အောင်ဆန်းစုကြည် #အဂတ်ိအမှု #ဒေါ်ခင်မိမိကြွယ် #သက်သေထွက်

Related posts

Leave a Comment

VOM News

FREE
VIEW