ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားလူဦးရေ ၃ ဒသမ ၄ သန်းခန့်ကို နိုင်ငံသားစိစစ်ရေးကတ်တွေ လုပ်ပေးဖို့ရှိ

နေပြည်တော် နိုဝင်ဘာ ၁၁-၂၀၂၁
KT(VOM)
 
နိုင်ငံသားအားလုံး နိုင်ငံသားအခွင့်အရေးများ အပြည့်အဝရစေဖို့ဆိုပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ လုပ်ဆောင်ပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုဝင်ဘာ ၁၀ရက်နေ့ နေပြည်တော်မှာ သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ပြောကြားခဲ့တာဖြစ်ပါတယ်။
 
အခုလုပ်ဆောင်နေတဲ့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားလူဦးရေ ၃ ဒသမ ၄ သန်းခန့်ကို နိုင်ငံသားစိစစ်ရေးကတ်များ လုပ်ဆောင်ပေးသွားဖို့ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
 
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပြည်သူများအတွက် ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်လုပ်ဆောင်ပေးသည့် စီမံချက်များကို သမ္မတဦးသိန်းစိန် လက်ထပ်ကလည်း မိုးပွင့်စီမံချက်အမည်ဖြင့် နိုင်ငံသား လူဦးရေ ၈ ဒသမ ၃ သန်းကိုလည်းကောင်း။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာလည်း သစ္စာစီမံချက်ဖြင့် နိုင်ငံသားလူဦးရေ ၆ ဒသမ ၄ သန်းကို နိုင်ငံသားစိစစ်ရေးကတ်များ လုပ်ဆောင်ပေးခဲ့တယ်”လို့ ပြောခဲ့ပါတယ်။
 
ဒါ့အပြင် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲပေးဖို့အတွက် နိုင်ငံသားစိစစ်ရေးကတ်မရှိရင် မဲထည့်ခွင့်ရမှာ မဟုတ်ကြောင်း၊ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရေးအတွက် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ထားဖို့ လိုအပ်တယ်လို့ ဦးခင်ရီက ပြောခဲ့ပါတယ်။
 
#voiceofmyanmar #VOM #နေပြည်တော် #မှတ်ပုံတင် #ပန်းခင်းစီမံချက်

Related posts

Leave a Comment

VOM News

FREE
VIEW