အရာတော်မြို့နယ်က အိမ်တလုံးထဲမှာ မိသားစုလိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေ တွေ့ရ

နိုဝင်ဘာ ၊ ၁၂ -၂၀၂၁
Voice Of Myanmar (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ရှောက္ခားကျေးရွာက လူနေအိမ်တလုံးထဲမှာ မနေ့ နိုဝင်ဘာ ၁၁ နေ့လယ်ပိုင်းက သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို ဒေသခံရွာသားတွေက တွေ့ခဲ့ရတယ်လို့ ပြောပါတယ် ။
 
” အလောင်းတွေ တွေ့ရတဲ့အိမ်က ဦးထွန်းရွှေရဲ့ အိမ်၊ အိမ်ထဲမှာက ၃ လောင်း ၊ သုံးဘီး ဆိုင်ကယ်အောက်က ၁ လောင်း ၊ အားလုံး ၄ လောင်းဖြစ်တယ် “လို့ ရှောက္ခားနယ်ခံတယောက်ကပြောပါတယ်။
 
အဲ့ဒီ ရုပ်အလောင်းတွေနဲ့ပတ်သက်လို့ စုံစမ်းသိရတာက အိမ်ရှင် ဦးထွန်းရွှေ အသက် ၄၅ နှစ် ၊ သူ့ရဲ့သားဖြစ်သူ ကိုအောင်နိုင် အသက် ၂၆ ဝန်းကျင် ၊ သားမက်ဖြစ်သူ ကိုဝင်းလွင်ထွန်း အသက် ၂၅ နှစ်နဲ့ သုံးဘီးဆိုင်ကယ် အောက်မှာ တွေ့ရတဲ့သူကတော့ မောင်ချစ်စမ်းကို အသက် ၂၃ နှစ် တို့ပဲဖြစ်ပါတယ်။
 
သေဆုံးသူတွေဟာ ဦးခေါင်းပိုင်းမှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေအပြင် လည်ပင်းမှာ ပြတ်ရှဓားဒဏ်ရာတွေရထားတာကြောင့် နယ်ခံ လူမှုကူညီရေးအသင်းက အရာတော် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲ့ဒီ သေဆုံးသူတွေဟာ တအိမ်တည်းနေ မိသားစုတွေ ဖြစ်တယ်ဆိုတာ သိရပြီး သူတို့ ဘာကြောင့် အခုလို သေရတယ်ဆိုတာ မသိရပါဘူး။
 
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ဘလွေရွာအကြား ပဲစင်းငုံအခင်းတောထဲမှာ လင်မယားစုံတွဲ ၂ တွဲ ၊ လူ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရပါသေးတယ်။
 
#voiceofmyanmar #VOM #အရာတော#မိသားစုလိုက်အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW