မဏိပူရနဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်မှာ အိန္ဒိယက ခြံစည်းရိုးကာရံနေ

ဒေလီ၊ နို၀င်ဘာ-၁၅-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှ ဒုက္ခသည်တွေစိမ့်၀င်မှုနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေကို စိစစ်နိုင်ဖို့အတွက် မဏိပူရနဲ့ထိပ်စပ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာ ခြံစည်းရိုးကာရံတာကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ မဏိပူရပြည်နယ် ၀န်ကြီးချုပ် N. Biren Singh က နို၀င်ဘာ ၁၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
မဏိပူရနဲ့ထိပ်စပ်နေတဲ့ ကီလိုမီတာ ၄၀၀ ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ ခြုံစည်းရိုးကာရံတာတွေကို အိန္ဒိယပြည်ထဲရေး၀န်ကြီးဌာနက စတင်နေပြီဖြစ်ပေမယ့်လည်း အချို့နေရာတွေမှာ နယ်စပ်အငြင်းပွားမှုတွေကြောင့် လုပ်ငန်းတွေရပ်တန့်ထားရပြီး ကျန်နေရာတွေမှာတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြည်နယ်၀န်ကြီးချုပ်ကပြောပါတယ်။
 
PLA နဲ့ MNPF တို့က အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရတဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး Viplav Tripathi နဲ့ တပ်ဖွဲ့၀င်လေးဦးအတွက် ဂုဏ်ပြုစကားပြောပြီးနောက် ၀န်ကြီးချုပ်က သတင်းမီဒီယာတွေနဲ့ တွေဆုံချိန်မှာ အခုလိုက်ပြောကြားလိုက်တာဖြစ်ပါတယ်။
 
PLA နဲ့ MNPF အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး တိုက်ခိုက်မှုကို အပြင်းအထန်ရှုတ်ချကာ ကျူးလွန်သူတွေကို ဖမ်းဆီးဖို့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို ညွှန်ကြားထားတယ်လိ်ု့ သူကပြောပါတယ်။
 
Ref: Times of India
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW