ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဘန်ကောက်မှာ ဆန္ဒပြကြပြန်

ဘန်ကောက်၊ နို၀င်ဘာ-၁၅-၂၀၂၁
မျိုးဆက်(VOM)
 
ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူတွေဟာ မြို့တော်ဘန်ကောက်တွင် ဆန္ဒပြတာတွေ ပြုလုပ်နေပါတယ်။
 
နို၀င်ဘာ ၁၄ ရက်က ပြုလုပ်တဲ့ အဲဒီဆန္ဒပြပွဲမှာ လူတစ်ထောင်ကျော်ပါ၀င်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပြီး ဆန္ဒပြပွဲမှာ လူသုံးဦးဒဏ်ရာရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။
 
ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘဲ တော်၀င်အဖွဲ့အစည်းကို ဖြုတ်ချရန်ကြိုးပမ်းမှုဖြစ်တယ်လို့ ထိုင်းတရားရုံးက နို၀င်ဘာ ၁၀ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
 
ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုမှုတွေဟာ လွန်ခဲ့တဲ့နှစ်မှစပြီး ဆက်လက်ဖြစ်ပေါ်နေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပိုမိုကြီးထွားလာခဲ့ပါတယ်။
 
တော်၀င်မိသားစုရဲ့ အသုံးစရိတ်ကို လျှော့ချရန်ဖို့နဲ့ တော်၀င်မိသားစုအပေါ် ဝေဖန်တာတွေကို တားမြစ်ပိတ်ပင်ထားတဲ့ အသရေဖျက်မှုဆိုင်ရာ ဥပဒေကို ဖျက်သိမ်းပေးရဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
 
Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW