မကွေးတိုင်း စလင်းမြို့မစျေးမီးလောင်မှု ဆိုင်ခန်း တရာကျော်ဆုံးရှုံး

နိုဝင်ဘာ ၂၃၊ ၂၀၂၁
KK(VOM)
 
မကွေးတိုင်းဒေသကြီး၊ စလင်းမြိုနယ် မြို့မစျေးကြီး ဒီကနေ့ည ၆နာရီကျော်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း တရာကျော်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
 
စလင်းမြို့မစျေးကြီးမီးလောင်မှုကို မီးသတ်ဦးစီးဌာနက ၆နာရီ၂၅ မီနစ်တွင် သတင်းရရရှိပြီးနောက် စလင်း၊ဆင်ဖြူကျွန်း၊မင်းဘူး၊ ပွင့်ဖြူမြို့နယ်များမှ မီးသတ်ယာဥ် ၁၂ စီးနဲ့ မီးငြိမ်းသတ်ခဲ့ရာ ၇နာရီ ၃၅ မီနစ်မှာ မီးထိန်းနိူင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။
 
စလင်းမြို့မစျေးကြီးမှာ ဆိုင်ခန်းပေါင်း ၇၆၃ ခန်းရှိပြီး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း တစ်ရာကျော် ဆုံးရှုံးခဲ့တယ်လို့ သူကပြောပါတယ်။
 
လက်တလောမှာ မီးသတ်ဦးစီးဌာနမှ မီးလောင်မှုအကြောင်းအရင်းကိုစုံစမ်းနေပြီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေတယ်လို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၉နာရီကလည်း နတ်မောက်မြို့နယ် စျေးရပ်ကွက် ရန်အောင်မြင်လမ်းရှိ မြို့မစျေးကြီးမှာ မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်း ၂၄၂ခန်းမီးလောင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ သိန်းလေးရာကျော်ရှိတယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
 
#voiceofmyanmar #vom #စလင်းဈေးမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW