ရုရှားကျောက်မီးသွေးတွင်း မီးလောင်မှု လူ ၅၂ ဦးသေဆုံး၊ ၄၀ကျော်ဒဏ်ရာရ

မော်စကို၊ နို၀င်ဘာ-၂၆-၂၀၂၁
မျိုးဆက်(VOM)
 
ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်းမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၂ ဦးထိမြင့်တက်လာပြီး ဒါဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး သတ္တုတွင်းမတော်တဆမှုတစ်ခုဖြစ်ပါတယ်။
 
အဲဒီမတော်တဆမှုဟာ ကျောက်မီးသွေးတွင်းလေ၀င်လေထွက်ပေါက်ရှိ ကျောက်မီးသွေးအမှုန်တွေ မီးလောင်ရာမှ စတင်ဖြစ်ပွားခဲ့တာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။
 
မီးလောင်မှုဖြစ်ပွားပြီး ညပိုင်းအချိန်ရောက်တဲ့အခါမှာတော့ ပျောက်ဆုံးနေတဲ့ အလုပ်သမားဒါဇင်များစွာနဲ့ ကယ်ဆယ်ရေးသမားတွေအကြား အဆက်သွယ်ပြတ်သွားပြီးနောက် အလုပ်သမားတွေဟာ အသက်ရှူကြပ်ကာ သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
 
ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ၄၉ ဦးကိုဆေးရုံတင်ထားရပြီး အချို့ကတော့မီးခိုးဆိပ်သင့်ခဲ့ကာသူတို့ထဲက လေးဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအမံတွေ ပျက်ကွက်တယ်ဆိုပြီး သတ္တုတွင်း ညွှန်ကြားရေးမှူးအပါအ၀င် လူသုံးဦးကို ဖမ်းဆီးထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
 
Ref: BBC
Photo:Getty Images
 
#voiceofmyanmar #VOM #ရုရှားကျောက်မီးသွေးတွင်းမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW