မြန်မာစစ်ဘက်ကို လက်နက်တွေမရောင်းဖို့ အမေရိကန်နဲ့ အခြားခြောက်နိုင်ငံတောင်းဆို

၀ါရှင်တန်၊ နိုဝင်ဘာ၂၇-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်နဲ့အခြားခြောက်နိုင်ငံကနို၀င်ဘာ ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး မြန်မာစစ်ဘက်ကို လက်နက်တွေမရောင်းချဖို့ တောင်းဆိုလိုက်ပါတယ်။
 
ဒီလိုတိုက်တွန်းတောင်းဆိုမှုကို အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယားနဲ့ ဗြိတိန်တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆိုပါတယ်။
 
အထူးသဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့ အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ပူပန်တယ်လို့ ခုနှစ်နိုင်ငံရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ချင်းပြည်နယ်မှာ လူလေးသောင်းကျော်နဲ့ မကွေးတိုင်းဒေသကြီးမှာ လူ တစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
 
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်ဘက်ကို စစ်ဆင်ရေးဆိုင်ရာ ပံ့ပိုးကူညီတာတွေကို ရပ်ဆိုင်းဖို့၊ လက်နက်၊ ပစ္စည်းကိရိယာတွေနဲ့ နည်းပညာဆိုင်ရာ အကူအညီတွေလွှဲပြောင်းတာကို ရပ်ဆိုင်းဖို့ တောင်းဆိုကြောင်း ခုနှစ်နိုင်ငံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
Ref:Anadolu
Photo: Anadolu
 
#voiceofmyanmar #VOM #မြန်မာစစ်တပ် #လက်နက်အရောင်းအဝယ်

Related posts

Leave a Comment

VOM News

FREE
VIEW