မြန်မာပြည်သူ ထက်၀က်နီးပါး ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ UNDP သတိပေး

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာပြည်သူ ထက်၀က်နီးပါးဟာ လာမယ့်နှစ်အစောပိုင်းကစပြီး ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (UNDP )က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကပ်ရောဂါဖြစ်ပွားမှုတွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုဟာ ပြီးခဲ့တဲ့ငါးနှစ်ကထက် နှစ်ဆတိုးလာတယ်လို့ အစီရင်ခံစာကဆိုပါတယ်။
 
တနေ့၀င်ငွေ ၁၅၉၀ ကျပ်( သုည ဒသမ ၉၀ ဒေါ်လာ) သာ၀င်ငွေရရှိသူတွေကို ဆင်းရဲမွဲတေမှုလိုင်းအဖြစ် UNDP ကသတ်မှတ်ထားပြီး မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၇ ခုနှစ်က ၂၄ ဒသမ ၈ ရာခိုင်နှုန်းရှိ ရာကနေ လက်ရှိမှာတော့ ၄၆ ဒသမ ၃ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။
 
မြို့ပြဒေသတွေရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၁၇ ခုနှစ်မှာ ၁၁ ဒသမ ၃ ရာခိုင်နှုန်းရှိပေမယ့် ၂၀၂၂ ခုနှစ်အစောပိုင်းကစလို့ ၃၇ ဒသမ ၂၃ ရာခိုင်နှုန်း ထိ မြင့်တက်လာနိုင်တယ်လို့ UNDP ကဆိုပါတယ်။
 
လူလတ်တန်းစားတွေဟာ ပုံမှန်အားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းစေပြီး အခုကိန်းဂဏန်းတွေအရ လူလတ်တန်းစားတွေ ဆင်းရဲတွင်းထဲကျသွားမယ့်သဘောဖြစ်တယ်လို့ UNDP ရဲ့ အာရှ-ပစိတ်ဖိတ်ဆိုရာဗျူရိုရဲ့ ညွှန်ကြားရေးမှူး Kanni Wignaraja က ပြောပါတယ်။
 
အလုပ်ပြုတ်သွားတဲ့သူတွေဟာ ၀င်ငွေမရှိတော့တာ သို့မဟုတ် လျော့နည်းသွားတာတွေကြောင့် အရင်ကစုငွေတွေအပေါ်မှီခိုရတာကြောင့် လူလတ်တန်းစားတွေအတွက် အလွန်တုန်လှုပ်ခြောက်ခြားစရာ အခြေအနေမှာရှိနေတယ်လို့ သူကသုံးသပ်ပြောဆိုပါတယ်။
 
Ref: Nikkei Asia
Photo:Reuters
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW