ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နစကနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာရောက်ဖို့ ဖိတ်ကြား

ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၊ ၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံ နစကက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာမယ့်သီတင်းပတ်မှာ ကမ္ဘောဒီးယားသို့ ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကကြာသပတေးနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
 
လာမည့်လမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ဥက္ကဋ္ဌတာဝန်ယူမည့် ကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ မငြိမ်မသက်ဖြစ်မှုတွေ အဆုံးသတ်ရေးအားထုတ်မှုတွေတိုးတက်မှုရရှိစေဖို့ သံတမန်ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်နေပုံရပါတယ်။
 
မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို လာမယ့် တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ မျှော်မှန်းထားပေမယ့်လည်း လျင်မြန်စွာပျံ့နှံ့နေသော Omicron ကိုရိုနာဗိုင်းရပ်မျိုးကွဲအတွက် စိုးရိမ်မှုတွေကြောင့် ခရီးသွားလာမှုကန့်သတ်ချက်တွေရှိမယ်ဆိုရင် သူ့ရဲ့ခရီးစဥ်အပေါ် ထိခိုက်လာနိုင်ပါတယ်။
 
အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးဘုံသဘောတူညီချက်ငါးချက်ကို ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး သံတမန်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ခဲ့ပေမယ့် သူ့ရဲ့မြန်မာနိုင်ငံခရီးစဥ် ဖြစ်ပေါ်ခဲ့ခြင်းမရှိပါဘူး။
 
ဘုံသဘောတူညီချက်တွေကို မြန်မာဘက်ကအကောင်အထည်ဖော်မှာအားနည်းတယ်ဆိုကာ အောက်တိုဘာကစပြီး ဆာဆီယံနဲ့ဆက်စပ်တဲ့ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာထိပ်တန်းတာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ပါဘူး။
 
အာဆီယံအလှည့်ကျဥကဌတာဝန်ယူမယ့် ကမ္ဘောဒီးယားကတော့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သစ်တဦးကို ဇန်နဝါရီလမှာ ခန့်အပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref: Bangkok Post
Photo:AFP
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW