ခန္တီးနဲ့ နာဂတောင်ကြော ဓါတ်ဆီပြတ်လုနီးပါးဖြစ်နေ

ဒီဇင်ဘာ၄-၂၀၂၁
Voice Of Myanmar
 
ချင်းတွင်းမြစ်အတွင်း ကနီနဲ့ မင်းကင်းကြားတိုက်ပွဲတွေ မကြာခဏ ဖြစ်နေလို့ ခန္တီးမြို့နဲ့ နာဂတောင်တန်းတကြော ဓါတ်ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေရနယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်ခန္တီးမြို့မှာ ချင်းတွင်းမြစ်ကြောင်း တိုက်ပွဲတွေကြောင့် မော်တော်တွေ သွားလာ စုန်ဆန်လို့မရဘဲ ပိတ်မိနေလို့ ခန္တီးမြို့အတွင်းမှာ ဓါတ်ဆီတွေပြတ်လပ်မှု့ဖြစ်ပေါ်နေပြီး ကုန်စျေးနှုန်းတချို့ပါစျေးတက်ကုန်ပါတယ် ။
 
ခန္တီးက ဒေသခံ ကုန်သည်တယောက် ပြောပြတာက
 
” ဒီဇယ်ပြတ်လပ်တာမရှိဘူး ဓါတ်ဆီသာပြတ်လပ်သွားတာ၊ အခြေခံပြည်သူတွေအတွက် ဆိုင်ကယ်နဲ့ သွားလာမှု့ကအတော်ခက်ခဲသွားတယ် အချို့ဓါတ်ဆီဆိုင်လေးတွေကတော့ တဗူးစ နှစ်ဗူးစ ရှိနေပေမယ့် တဂါလံ တသောင်းချိုးနဲ့ ပေးဝယ်ရပြီး လိုသလောက်မရဘူး” လို့ပြောပါတယ်။
 
ကားသမားတစ်ဦးကလည်း
 
” ခန္တီးမြို့က စားသောက်ကုန် အားကိုးနေရတဲ့ နာဂတောင်တန်းဘက်က ပြည်သူတွေပါစားဝတ်နေရေနဲ့ သွားလာရေးအတော်ခက်ခဲသွားနိုင်တယ်၊ ချင်းတွင်းမြစ်အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်းများရက်ရှည်ကြာလာနေပြီ ၊ ဒေသအခြေစိုက် pdf တွေက သွားလာစုန်ဆန်ခြင်းမပြုကြဖို့ တိုက်တွန်းထားတယ် ၊ သွားလာလို့ရမယ့် အချိန်ကို ထုတ်ပြန်ပေးမှ သွားလို့ရမယ်”
လို့ သူတို့အနေအထားကို ပြောပါတယ်။
 
အဲလို ထုတ်ပြန်ထားပြီးကတည်းက မော်တော်တွေလည်း ရေကြောင်းထဲမှာ ပိတ်မိနေတာမို့ ချင်းတွင်းမြစ်အထက်ပိုင်းတွေမှာ ကုန်စည်စီးဆင်းမှုကျဲပြီး စားသောက်ကုန်အချို့လည်း ဈေးတက်လာသလို ရှားပါးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
#voieofmyanmar #VOM #ခန္တီး #ဓါတ်ဆီဈေးတက်

Related posts

Leave a Comment

VOM News

FREE
VIEW