မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို တရုတ်နိုင်ငံ ပြန်လည်တင်သွင်းနေ

ပေကျင်း၊ ဒီဇင်ဘာ-၃-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို တရုတ်နိုင်ငံက နို၀င်ဘာနှောင်းပိုင်းကစပြီး တင်သွင်းမှု ပြန်လည်စတင်နေပြီလို့ သတင်းရင်းမြစ်တွေက တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ်သတင်းဌာနကို ပြောပါတယ်။
 
တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ် Ganzhou မှာအခြေစိုက်တဲ့ တရုတ်အစိုးရပိုင် မြေရှားသတ္တုကုမ္ပဏီရဲ့ မန်နေဂျာတဦးပြောတာကတော့ နယ်စပ်ဒေသမှာ လအတန်ကြာသောင်တင်နေတဲ့ မြန်မာနိုင်ငံမြေရှားသတ္တုတွေကို နို၀င်ဘာလကုန်ကစပြီး ပြန်လည်တင်သွင်းနေပြီလို့ ဆိုပါတယ်။
 
မြေရှားသတ္တုတွေတင်ဆောင်လာတဲ့ ထရပ်ကားတွေ Ganzhou ကိုနေ့စဉ်၀င်ရောက်နေပြီး နယ်စပ်မှာ မြေရှားသတ္တု တန်ချိန် သုံးထောင်ကနေ လေးထောင်လောက်ထိ ရှိတယ်လို့သူကဆိုပါတယ်။
 
မြေရှားသတ္တုဟာ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနဲ့ စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ရေးအပါအ၀င် အခြားနည်းပညာဆိုင်ရာ ထုတ်ကုန်တွေမှာ အသုံးပြုနိုင်တဲ့ အဖိုးတန်သတ္တုတမျိုးဖြစ်ပါတယ်။
 
Dysprosium နဲ့ Terbium တို့လိုမျိုး တရုတ်နိုင်ငံရဲ့ မြေရှားသတ္တုတွေရဲ့ ထက်၀က်ကျော်ဟာ မြန်မာနိုင်ငံကနေ ရရှိတာဖြစ်ကြောင်း မြေရှားသတ္တုဆိုင်ရာ လေ့လာသူ Wu Chenhui က ဂလိုဘယ်လ်တိုင်းမ်သတင်းဌာနကို ပြောပါတယ်။
 
Ref: Global Times
Photo: VCG
 
#voiceofmyanmar #VOM #တရုတ#မြေရှားသတ္တု

Related posts

Leave a Comment

VOM News

FREE
VIEW