အမေရိကန်သမ္မတနဲ့ အာဆီယံခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးဖို့ စီစဉ်နေ

၀ါရှင်တန်၊ ဒီဇင်ဘာ-၃-၂၀၂၁
မျိုးဆက်(VOM)
 
သမ္မတဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေအကြား ဝါရှင်တန်မှာ လာမယ့်ဇန်နဝါရီလအတွင်း မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ အမေရိကန်က စီစဉ်နေကြောင်း အာဆီယံသတင်းရင်းမြစ်တွေက ပြောပါတယ်။
 
ဒေသတွင်းမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကြီးထွားနေစဉ်မှာ အမေရိကန်ဟာ သူ့ရဲ့ကတိက၀တ်တွေကို အလေးပေးလုပ်ဆောင်နေပြီး ဒါဟာ အမေရိကန်သမ္မတအဖြစ် ဂျိုးဘိုင်ဒင်တာ၀န်ယူပြီးနောက် အာဆီယံခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးဖို့ စီစဉ်တာဖြစ်ပါတယ်။
အမေရိကန်ဟာ သမ္မတဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဇန်နဝါရီလ တတိယပတ်မှာပြုလုပ်ဖို့ အဆိုပြုထားပြီး အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ နေရက်ကို ညှိနှိုင်းနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
 
ဒီထိပ်သီးဆွေးနွေးပွဲမတိုင်မီ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ အင်ဒိုနီးရှား၊ ထိုင်း အပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံအချို့ကို ဒီဇင်ဘာလအတွင်း လာရောက်မယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
 
ဒါပေမယ့် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ မြန်မာ နစက ဥက္ကဌကိုတော့ ဖိတ်ကြားဖွယ်မရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာလအတွင်းမှာ ပြုလုပ်တဲ့ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကိုလည်း မြန်မာမပါ၀င်ဘဲကျင်းပခဲ့ပါတယ်။
 
Photo: Reuters
 
#voiceofmyanmar #VOM #အာဆီယံ

Related posts

Leave a Comment

VOM News

FREE
VIEW