တင်းမာနေတဲ့ ယူကရိန်းအရေး ဂျိုးဘိုင်ဒင်နဲ့ပူတင် ထိပ်သီးဆွေးနွေးမယ်

ဒီဇင်ဘာ ၅-၂၀၂၁
မျိုးဆက်(VOM)
 
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ အင်္ဂါနေ့မှာ အွန်လိုင်းကတဆင့် ဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
 
ယူကရိန်းကို ရုရှားက အကြီးစားတိုက်ခိုက်ဖို့ အစီအစဉ်တွေ လုပ်ထားတယ်ဆိုတဲ့ အထောက်အထားတွေ အမေရိကန်မှာ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားပြီးနောက် အခုလိုဆွေနွေးဖို့ အစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။
 
ဒါပေမယ့် မစ္စတာပူတင်က ကျူးကျော်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ချခဲ့သလားဆိုတာ မရှင်းလင်းဘူးလို့ သူက ထပ်ပြောပါတယ်။ရုရှားက ယူကရိန်းကို ကျူး ကျော်ဖို့ရည်ရွယ်ချက် မရှိကြောင်းငြင်းဆိုထားပါတယ်။
 
မစ္စတာဘိုင်ဒင်က ယူကရိန်းနယ်စပ်မှာ ရုရှားစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြီး ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုအတွက် အမေရိကန်ရဲ့ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုမယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင်ံ့ရှိသူကဆိုပါတယ်။
 
ရုရှားသည် ကျည်ကာယာဉ်တွေ၊ အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ် တွေနဲ့အတူ နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ တပ်ဖွဲ့ဝင် ၉၄,၀၀၀ ကို ဖြန့်ကျက်ချထားကြောင်း ယူကရိန်းက ပြောပါတယ်။
 
ဒါဟာခရိုင်းမီးယားကို ယူကရိန်းထံကနေ သိမ်းပိုက်ပြီးတဲ့၂၀၁၄ ခုနှစ်နောက်ပိုင်း ရုရှားတပ်ဖွဲ့ဝင် တှေအကွီးမားဆုံး တပ်ဖြန့်တာလည်းဖြစ်ပါတယ်။
 
ရုရှားဟာ ဇန်နဝါရီလကုန်မှာ စစ်ရေးအရ ထိုးစစ်ဆင်ဖို့ စီစဉ်နေတယ်လို့ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov ကပြောပါတယ်။ ရုရှားရဲ့စစ်ရေး လှုပ်ရှားမှုဟာ ရုရှားနှဲ့အမေရိကန်ကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုမိုဆိုးရွားစေပါတယ်။
 
Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တင်မာနေတဲ့ယူကရိန်းအရေး #ဂျိုးဘိုင်ဒင် #ပူတင

Related posts

Leave a Comment

VOM News

FREE
VIEW