ဗီဇပြောင်း ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် မုံရွာ-ကလေး လေကြောင်းလိုင်း ယာယီရပ်ဆိုင်းထား

ဒီဇင်ဘာ ၊ ၆ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
ဒီဇင်ဘာ ၇ ရက်ကစပြီး တိုးချဲ့ပြေးဆွဲပေးမယ်လို့ ကြေညာခဲ့တဲ့ မုံရွာ-ကလေး လေကြောင်းခရီးစဥ်ဟာ ပြေးဆွဲပေးမယ့် ၂ ရက်အလိုမှာပဲ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အဲ့ဒီခရီးစဥ်ကို ပြေးဆွဲခြင်းမပြုတော့ဘဲ ယာယီရပ်ဆိုင်းထားဖို့ ကြေညာချက်တင်္ပ ထုတ်ပြန်လိုက်တယ်လို့ မုံရွာအခြေစိုက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
အဲ့ဒီအကြောင်းကို မုံရွာအခြေစိုက် ခရီးသွားဝန်ဆောင်မှုနဲ့ လေယာဥ်လက်မှတ်အရောင်းဌာန လုပ်ငန်းရှင် တဦးက ” အခုလာမယ့် ၇ ရက် ၊ အင်္ဂါက စပြီး အပတ်စဥ် အဂ်ါနေ့ ညနေပိုင်း ၃ နာရီ နောက်ပိုင်းမှာ မုံရွာ-ကလေး ပုံမှန်ပြေးဆွဲပေးမယ်လို့ ကနဦး ကြေညာခဲ့တယ် ၊ မနေ့ ဒီဇင်ဘာ ၅ ရက်က ကမ္ဘာ့နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ လက်တလောဖြစ်နေတဲ့ မျိုးရိုးဗီဇပြောင်း ကိုဗစ်ရောဂါ နဲ့ပတ်သက်ပြီး ကလေးမြို့နဲ့ စီးပွားရေး ကူးလူးဆက်ဆံနေတဲ့ အိန္ဒိယနိုင်ငံမှာလည်း ဖြစ်နူန်းစာရင်းထဲပါနေတဲ့အတွက် ကလေး လေကြောင်းလိုင်းခရီးစဥ်ကို ကိုဗစ်ရောဂါ တုန့်ပြန်ထိန်းချုပ်ရေး လုပ်ငန်းစဥ်အရ ယာယီရပ်ဆိုင်းလိုက်တာ ” လို့ ပြောပါတယ်။
 
မုံရွာ-ကလေးသွားတဲ့ ကုန်လမ်း၊ကားလမ်းတွေမှာ မကြာခဏ မိုင်းပေါက်ကွဲပြီး ကားတွေပျက်စီးတာနဲ့ လူတွေသေဆုံးတာဖြစ်ခဲ့သလို ချင်းတွင်းမြစ်ကြောင်း ရေလမ်းမှာလည်း သေနတ်နဲ့ပစ်ခတ်တာ ဖမ်းဆီးစစ်ဆေးတာတွေရှိတဲ့အတွက် မုံရွာ-ကလေး ခရီးသွားလုပ်ငန်းကို လေကြောင်းလိုင်းနဲ့ အဆင်ပြေအောင် ပြေးဆွဲပေးဖို့ လေကြောင်းပို့ဆောင်ရေးဌာနက အခုလ လဆန်းပိုင်းက စီစဥ်ကြေညာခဲ့တာဖြစ်ပါတယ်။
 
” မုံရွာ-ကလေး လေယာဥ်ခက ၃သောင်းခွဲနဲ့ ၄ သောင်းခွဲအကြားဆိုတော့ သက်တောင့် သက်သာ ခရီးသွားတွေအဖို့ အဆင်ပြေတယ် ၊ လတ်မှတ်ရောင်းအား ဘိုကင်စနစ်မှာ စံချိန်ပြည့်တယ် ၊ အခုတော့ အားလုံး ကန်ဆယ် ဖြစ်သွားပြီး ” လို့ လေယာဥ်လက်မှတ်အရောင်းဌာနက ပြောပါတယ်။
 
ကလေး လေကြောင်းလိုင်းခရီးစဥ် ပြန်လည်ဖွင့်ပေးမယ့်ရက် အတိအကျက်ု မသိရသေးမယ့် ကိုဗစ်ရောဂါ ထိန်းချုပ်တုန့်ပြန်နိုင်မှုအပေါ် မူတည်ပြီး အမြန်ဆုံး ပြေးဆွဲပေးနိုင်ဖို့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက စီစဥ်ထားတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကလေး #လေကြောင်းလိုင်း #ယာယီရပ်ဆိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW