၂၀၂၁ ခုနှစ်အတွင်း မီးလောင်မှု နှစ်ထောင်နီးပါးနဲ့ သန်းသုံးသောင်းကျော် ဆုံးရှုံးမှုရှိ

ဒီဇင်ဘာ ၈-၂၀၂၁
KK(VOM)

မြန်မာနိူင်ငံအတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးလောင်မှု ၁၉၄၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၃၂၈၂၆ သန်းခန့် ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” တနိူင်ငံလုံးအတိုင်းအတာ မီးလောင်မှုတွေမှာ သေဆုံးသူ ၈၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၉ ဦး ရှိခဲ့တယ်၊ မီးလောင်မှုဖြစ်ပွားမှု အများဆုံး တိုင်းဒေသကြီးတွေကတော့ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဖြစ်ပြီး၊ မီးလောင်မှုကြောင့် နေအိမ် ၄၆၂၆ လုံး၊ စက်ရုံအလုပ်ရုံ ၃၈ လုံး၊ ဂိုထောင် အလုံး ၇၀ နဲ့ဈေးများ ပျက်စီးဆုံးရှုံးခဲ့တယ်”လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

မီးသက်ဦးစီးဌာနအနေနဲ့ မီးဘေးကာကွယ်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ စက်ရုံအလုပ်ရုံများကို ကွင်းဆင်းစစ်ဆေးတာတွေ မီးသတ်သင်တန်းပေးတာတွေ ဆောင်ရွက်ခဲ့ပေမယ့် အချို့စက်ရုံ၊အလုပ်ရုံနဲ့ဈေးတွေမှာ မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းတွေ တပ်ဆင်မှု အားနည်းတယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၀ ခုနှစ်ကလည်း မြန်မာနိူင်ငံတဝန်းလုံးမှာ မီးလောင်မှု ၂၁၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၆၆၄ဝကျော်ခန့် ရှိခဲ့လို့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုနှစ် မီးလောင်မှုဟာ အရင်နှစ်
ထက် ပျက်စီးဆုံးရှုံးမှုတန်ဖိုး စံချိန်တင်ခဲ့ပါတယ်။

အလားတူ၂၀၁၉ ခုနှစ်အတွင်းကလည်း နိူင်ငံတဝန်း မီးလောင်မှု၂၁၅၅ကြိမ်ဖြစ်ခဲ့ပြီး တန်ဖိုးကျပ်သန်းပေါင်း ၃၀၇၉ကျော်ခန့် ဆုံးရှုံးခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW