နိုင်ငံတကာအာကာသစခန်းသို့ ဂျပန်ဘီလျှံနာသူဌေး သွားရောက်လည်ပတ်

တိုကျို၊ ဒီဇင်ဘာ-၉-၂၀၂၁
မျိုးဆက်(VOM)
 
ဂျပန်ဘီလျှံနာသူဌေးဖြစ်သူ မယ်ဇာဝါယူဆာကူဟာ နိုင်ငံတကာအာကာသစခန်းသို့ ဒီဇင်ဘာ ၈ ရက်မှာ အောင်မြင်စွာရောက်ရှိနေပြီဖြစ်ပါတယ်။
 
အသက် ၄၆ နှစ်အရွယ် ဖက်ရှင်လုပ်ငန်းရှင်ဖြစ်သူ မာဇာဝါယူဆာကူနဲ့ သူ့ရဲ့လက်ထောက်ဖြစ်သူတို့ဟာ ကမ္ဘာပတ်လမ်းမှာရှိတဲ့ နိုင်ငံတကာအာကာသစခန်းသို့ ပထမဆုံးသွားရောက်တဲ့ ဂျပန်အရပ်သားတွေဖြစ်ပါတယ်။
 
သူတို့နှစ်ဦးကို တင်ဆောင်ထားတဲ့ ရုရှားရဲ့ဆိုရုဇ်အာကာသယာဉ်ဟာ ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းမှာ ကာဇက်စတန်ရှိ လွှတ်တင်ရေးစင်တာတစ်ခုမှ နိုင်ငံတကာအာကာသစခန်းသို့ လွှတ်တင်ခဲ့ပါတယ်။
 
ဒီလိုလွှတ်တင်ပြီး ခြောက်နာရီအကြာမှာ ဆိုရုဇ်အာကာသာယာဉ်ဟာ နိုင်ငံတကာအာကာသစခန်းသို့ အောင်မြင်စွာ ရောက်ရှိချိတ်ဆက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
နိုင်ငံတကာအာကာသစခန်းမှာ နေထိုင်မယ့် ၁၂ ရက်ကြာကာလအတွင်း မယ်ဇာဝါယူဆာကူဟာ အများပြည်သူ အဆိုပြုထားတဲ့ လုပ်ဆောင်မှုတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေကို လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။
 
Ref: NHK
Photo:CGTN
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW