အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားကို အမေရိကန်က လက်နက်ရောင်းချခွင့် ပိတ်ပင်

၀ါရှင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၁
မျိုးဆက်(VOM)
 
တရုတ်နိုင်ငံနဲ့ ဆက်နွယ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကို အမေရိကန်က လက်နက်ရောင်းချမှုပိတ်ပင်တဲ့ အရေးယူပိတ်ဆို့မှုတရပ်ကို ဒီဇင်ဘာ ၈ ရက်မှာ ချမှတ်လိုက်ပါတယ်။
 
မြန်မာနိုင်ငံအပေး ဖိအားပေးဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုမှာ ကမ္ဘောဒီးယားအပေါ် အခုလို အရေးယူပိတ်ဆို့လိုက်တာဖြစ်ပါတယ်။
 
ဒေသတွင်းလုံးခြုံရေးကို ခြိမ်းခြောက် ပျက်ပြားစေတဲ့ တရုတ်စစ်ဘက်ရဲ့ နက်ရှိုင်းတဲ့သြဇာလွှမ်းမိုးမှုကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘောဒီးယားအပေါ် ပို့ကုန်ထိန်းချုပ်မှုတွေကို အမေရိကန်ကုန်သွယ်ရေးဌာနက ချမှတ်လိုက်တာဖြစ်ပါတယ်။
 
လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းနဲ့အတူ အဲဒီအစီအမံဟာ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ စစ်ထောက်လှမ်းရေးဆိုင်ရာ ၀န်ဆောင်မှုတွေကိုလည်း ကန့်သတ်သွားမှာဖြစ်ပါတယ်။
 
ထိုင်းပင်လယ်ကွေ့တလျှောက်မှာ ကမ္ဘောဒီးယားရေတပ်အခြေစိုက်စခန်းရဲ့ အစိတ်အပိုင်းတွေကို တရုတ်စစ်ဘက်ကို သီးသန့်အသုံးပြုခွင့်အတွက် တရုတ်နိုင်ငံနဲ့လျှို့ဝှက်စွာ လက်မှတ်ရေးထိုး သဘောတူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း အမေရိကန်နဲ့ ကမ္ဘောဒီးယားတို့အကြား ဆက်ဆံရေးတင်းမာနေခဲ့ပါတယ်။
 
Ref: Bangkok Post
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW