ယူကရိန်းကိုကျူးကျော်ရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ ရုရှားကို ဗြိတိန်သတိပေး

လန်ဒန်၊ ဒီဇင်ဘာ-၁၁-၂၀၂၁
မျိုးဆက်(VOM)
 
ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်ခဲ့မယ်ဆိုရင် ဆိုးရွားတဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး လစ်ဇ်ထရပ်စ်က ဒီဇင်ဘာ ၁၀ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။
 
ယခုသီတင်းပတ်ကုန်အတွင်း လီဗာပူးမှာ ကျင်းပမယ့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး စည်းလုံးညီညွှတ်မှုကို ပြသမှာဖြစ်ကာ ရုရှားရဲ့လုပ်ရပ်ဟာ မဟာဗျူဟာမြောက် အမှားဖြစ်တယ်လို့ သူကဆိုပါတယ်။
ဗြိတိန်နဲ့မဟာမိတ်တွေဟာ ရုရှားရဲ့အဲဒီလုပ်ရပ်ကို တားဆီးဖို့လိုအပ်တယ်လို့ မစ္စလစ်ဇ်က ပြောပါတယ်။
 
ရုရှားဟာ ယူကရိန်းနယ်စပ်မှာ တပ်ဖွဲ့၀င်များစွာချထားခြင်းကြောင့် တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဒါပေမယ့် ဒီလိုချထားတာဟာ ယူကရိန်းကိုကျူးကျော်ဖို့မဟုတ်ဘူးလို့ယူကရိန်းကဆိုပါတယ်။
 
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရန်စမှုတွေကို ဆန့်ကျင်ဖို့ မိမိတို့ရပ်တည်ချက် လုံး၀ခိုင်မာကြောင်း ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးကပြောပါတယ်။ ယူကရိန်းနိုင်ငံဟာ ရုရှားအပြင် အီးယူနဲ့ နယ်နိမိတ်တွေ ထိစပ်နေတဲ့ နိုင်ငံတစ်နိုင်ဖြစ်ပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW