မြောက်ဥက္ကလာမြို့နယ်မှာ ဧည့်စာရင်းအကြောင်းပြကာ ဒေသခံ ၉ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ဒီဇင်ဘာ ၁၃-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်အချို့မှာ မနေ့ ဒီဇင်ဘာ ၁၂ရင် ညပိုင်းက စစ်တပ်နဲ့ရဲတွေဟာ ဧည့်စာရင်းအကြောင်းပြကာ ရပ်ကွက်နေသူထိုင်သူ ၉ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
မြောက်ဥက္ကလာပမြို့နယ်ရှိ င ရပ်ကွက် မှာ မနေ့ည ၉ နာရီကျော်မှ စတင်ကာ စစ်တပ်၊ရဲတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းကာ ဧည့်စာရင်းစစ်ဆေးခဲ့ ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ််တယ်လို့ င ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“ဧည့်စာရင်းစစ်တယ်ဆိုပြီး တံခါးတွေဖွင့်ခိုင်းတယ် အကုန်ရှာတယ်၊ မသင်္ကာရင် အိမ်ရှေ့ထွက် ဒူးထောက်ခိုင်းတယ်၊ ပြီးတော့ တစ်ခါတည်းခေါ်သွားတာ”လို့ သူကပြောပါတယ်။
 
အလားတူပင် (စ)ရပ်ကွက်ကိုလည်း စစ်ကား၊ရဲကား၊အိမ်စီးကားတွေနဲ့ ညပိုင်းမှာရောက်ရှိလာပြီး လမ်းအချို့ကို ဧည့်စာရင်းစစ်တာတွေ၊ မသင်္ကာသူတွေကို အိမ်ပေါ်တက်ရှာဖွေတာတွေလုပ်ခဲ့ပြီး လူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဝဇီရာ ၂ လမ်းမှာ နေထိုင်သူတဦးကပြောပါတယ်။
 
“ဖမ်းသွားတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ကလေးတွေပါတယ်၊ ရိုက်နှက်တာတွေလည်းရှိတယ်၊ ဧည့်စာရင်းစစ်တာမဟုတ်ဘူး သတင်းပေးလို့ ဝင်ရှာတဲ့သဘောမျိုး”လို့ သူကရှင်းပြပါတယ်။
 
စ ရပ်ကွက်နဲ့ င ရပ်ကွက် မှ ဖမ်းဆီးခံရသူစုစုပေါင်း ၉ဦးရှိပြီး အချို့မှာ အသက်မပြည့်သေးတဲ့လူငယ်တွေပါဝင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေရာကိုလည်း မသိရသေးတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူပန်နေကြတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတ
ယ်။
 
မြောက်ဥက္ကလာပမှာ ပြီးခဲ့တဲ့ လတွေက ဗုံးပေါက်ကွဲတာတွေ နှစ်ဖက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေရှိသလို ဖမ်းဆီးခံရတဲ့လူငယ်တွေလည်း ရှိပါတယ်။
 
#voiceofmyanmar #VOM #မြောက်ဥက္ကလာ #ဧည့်စာရင်း #လူကိုးဦးဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW