မီဇိုရမ်ပြည်နယ်က မြန်မာဒုက္ခသည်တွေကို ပြည်နယ်အစိုးရ ဆက်လက်ကူညီပေးမယ်

ဒေလီ၊ ဒီဇင်ဘာ-၁၄-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို ဆက်လက်ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်တန်ဂါက ပြောပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးစားနေပြီး အနာဂါတ်မှာဆက်လက်ကူညီမှုတွေပြုဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။
 
အိမ်နီးချင်းမြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်ဖို့ကိုလည်း ၀န်ကြီချုပ်မိုဒီနဲ့ ပြည်ထဲရေး၀န်ကြီးတို့နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့တယ်လို့ သူကဆိုပါတယ်။
 
မြန်မာဒုက္ခသည်တွေကို နိုင်ငံရေးဆိုင်ရာ ခိုလှုံခွင့်ပြုဖို့ကိုလည်း သူ့အနေနဲ့ တာ၀န်ရှိသူတွေကို အကြိမ်ကြိမ်တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
 
ဒီကိစ္စအပေါ် တာ၀န်ရှိသူတွေက ဆန္ဒရှိနေပမယ့် အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ သူ့ရဲ့ ၁၉၆၇ ခုနှစ်သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံမဟုတ်တာကြောင့် မြန်မာဒုက္ခသည်တွေကို တိုက်ရိုက်ကူညီပေးနိုင်မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်တန်ဂါက ပြောပါတယ်။
 
Ref:NDTV
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW