ဖိလစ်ပိုင်မှာ အင်အားပြင်းမုန်တိုင်းကြောင့် ၁၂ ဦးသေဆုံး၊ လူ ၁၃ သန်းထိခိုက်ဖွယ်ရှိ

မနီလာ၊ ဒီဇင်ဘာ-၁၈-၂၀၂၁
မျိုးဆက်(VOM)
 
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း၀င်ရောက် တိုက်ခတ်ပြီးနောက် ကမ္ဘာလှည့်ခရီးသွားတွေအကြား ပေါ်ပြူလာဖြစ်တဲ့ကျွန်းတကျွန်းမှာ ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ်ဖြစ်ခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းရိုင်ဟာ Siargao အပန်းဖြေကျွန်းကို တနာရီ ၁၂၀ မိုင်နှုန်းနဲ့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
 
အဲဒီမုန်တိုင်းဟာ ကျွန်းပေါ်ကသူ့တိုက်ခတ်ရာလမ်းကြောင်း တလျှောက်က နေအိမ်တွေကို ပြိုကျပျက်စီးစေခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ မုန်တိုင်းကြောင့် လူ ၁၃ သန်းအပေါ် ထိခိုက် သက်ရောက်မှုရှိနိုင်ကြောင်း ကုလသမဂ္ဂကပြောပါတယ်။
 
လက်ရှိချိန်ထိ လူ ၁၂ ဦးသေဆုံးကြောင်း အတည်ပြုထားပြီး အဓိကလေဆိပ်အဆောက်အအုံပျက်စီးသွားပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
ဖိလစ်ပိုင်နိုင်ငံမှာ အင်အားပြင်းမုန်တိုင်းတွေတိုက်ခတ်လေ့ရှိပြီး တနှစ်ကို တိုင်ဖွန်းမုန်တိုင်း ၂၀ လောက်၀င်ရောက်လေ့ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာတိုက်ခတ်ခဲ့တဲ့ ဟိုင်ယန်တိုင်ဖွန်းမုန်တိုင်ကြောင့် လူ ခြောက်ထောင်ကျော်ထိ သေဆုံးခဲ့ပါတယ်။
 
Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW