အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်တပ်ဆင်လုပ်ငန်းတွေ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်အတွက် ခွင့်ပြုချက် ယူရမယ်

ဒီဇင်ဘာ ၁၈
GH ( VOM)
 
အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်တပ်ဆင်တဲ့လုပ်ငန်းတွေရဲ့ ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းနဲ့ လုပ်ငန်းသုံး သကြားတင်သွင်းခြင်းတို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ရဲ့ ခွင့်ပြုချက်ရယူပြီးမှ ကုန်သွယ်ရေးဦးစီးဌာနနဲ့ အကောက်ခွန်ဦးစီးဌာနတို့ထံ လျှောက်ထားရမယ်လို့ MIC က အသိပေးထုတ်ပြန်ပေးလိုက်ပါတယ်။
 
” သကြားက လုပ်ငန်းရှိမှပဲ တင်သွင်းခွင့်ပေးတာ၊ အဲ့ဒါက အရင်ကတည်းက စီးပွားကူးသန်းရဲ့မူဝါဒပေါ့၊ မလိုအပ်ဘဲ တင်သွင်းတာ၊ပြည်တွင်းသကြားပဲ ဦးတည်သုံးစွဲရန်ဆိုတဲ့ရည်ရွယ်ချက်ပေါ့။ပြည်တွင်းမှာ မထုတ်လုပ်နိုင်တဲ့ refineသကြား(သန့်စင်သကြား)ကိုတော့ လိုအပ်ချက်အရ တင်သွင်းနိုင်တယ်ပေါ့။ အရင်ကတော့ စီးပွားကူးသန်းထောက်ခံချက်နဲ့ပဲ လုပ်ရတာပေါ့။ အခုက MIC ရဲ့ခွင့်ပြုချက်ပါရယူရမှာပေါ့။လုပ်ငန်းစဉ်တစ်ခု ပိုသွားတာပေါ့။ ” လို့ မြန်မာနိုင်ငံ ကြံနှင့်သကြားလုပ်ငန်းရှင်များအသင်းရဲ့ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးကပြောပါတယ်။
 
ဒါ့ကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး တင်သွင်းခွင့်အတွက် တင်ပြလျှောက်ထားလာမယ်ဆိုရင် နှစ်အလိုက် လိုအပ်ချက်ကို MIC ထံ တစ်နှစ်ချင်းအလိုက် တင်ပြဆောင်ရွက်ရမယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
 
မလိုအပ်ဘဲတင်သွင်းမှုတွေကို လျှော့ချထိန်းချုပ်ချင်တာကြောင့် MIC ခွင့်ပြုချက်ကိုထပ်မံရယူဖို့လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ လုပ်ငန်းရှင်တချို့က သုံးသပ်ထားပါတယ်။
 
အရင်က အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်တဲ့ လုပ်ငန်းတွေ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်နဲ့ လုပ်ငန်းသုံးသကြားတင်သွင်းမယ်ဆိုရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရဲ့ခွင့်ပြုချက်တစ်ခုသာလိုအပ်တာဖြစ်တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #အရက်ဘီယာ #မော်တော်တပ်ဆင်လုပ်ငန်း #MICခွင့်ပြုယူရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW