ရွှေညဝါဆရာတော်ကို ထောင်ဒဏ် ၂နှစ်ချမှတ်

ရန်ကုန် ၊ဒီဇင်ဘာ၂၈၊၂၀၂၁
KK(VOM)
 
ရွှေညဝါဆရာတော်ကို ဒီကနေ့ မနက်ပိုင်းက အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ်၂နှစ် ချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေနေတွေဆီက သိရပါတယ်။
 
ရွှေညဝါဆရာတော်ဦးပညာသီဟကို စစ်တပ်က နိူင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပြီး ကျန်းမာရေးမကောင်းဘူးလို့ ရှေနေတဦးက ပြောပါတယ်။
 
“ဆရာတော်က နေမကောင်းဘူး လမ်းလည်းကောင်းကောင်းမလျှောက်နိူင်တော့ဘူး အခုလိုအမိန့်ချတာစိတ်ထဲမကောင်းဘူး”လို့ ပြောပါတယ်။
 
ဆရာတော်ဦးပညာသီဟကို ယခင်က နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခဲ့ပေမယ့် ဒီကနေ့အမိန့်ချရာမှာတော့ ၅၀၅(ခ)နဲ့ ပြောင်းလည်း အမိန့်ချခဲ့တာဖြစ်တယ်လို့ ရှေနေတွေဆီက သိရပါတယ်။
 
စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အချိန်ကစပြီး ဆရာတော်ဟာ ထောင်တွင်းဆေးရုံနဲ့ အပြင်ဆေးရုံတွေမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ ပြန်လည်လွှတ်မြောက်လာတဲ့ နိူင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။
 
ရွှေညဝါဆရာတော်ကို ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ဖမ်းဆီးခဲ့ပြီး ၉ လ ကျော်ကြာမှ ခုလိုအမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
 
ရွှေညဝါဆရာတော်ဦးပညာသီဟဟာ အရင်ကကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်က နာယက ဆရာတော် ဖြစ်ပြီး ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ ဆရာတော်လည်းဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရွှေညဝါဆရာတော် #ဦးပညာသီဟ

Related posts

Leave a Comment

VOM News

FREE
VIEW