အီရန်က ပဲ့ထိန်းဒုံးပျံတွေပစ်ခတ် စစ်ရေးလေ့ကျင့်ပြီး အစ္စရေးကိုသတိပေး

တီဟီရန်၊ ဒီဇင်ဘာ-၂၅-၂၀၂၁
မျိုးဆက်(VOM)
 
အီရန်ဟာ ပင်လယ်ကွေ့ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုဟာ အစ္စရေးကို သတိပေးလိုက်တာဖြစ်တယ်လို့ အီရန်စစ်ဘက်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ဒီဇင်ဘာ ၂၄ ရက်မှာပြီးဆုံးခဲ့တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာတော့ အီရန်ဟာ ပဲ့ထိန်းဒုံးပျံတွေနဲ့ ခရုဇ်ဒုံးပျံတွေပါ ပစ်လွှတ်ခဲ့ပါတယ်။
 
အဲဒီစစ်ရေးလေ့ကျင့်မှုဟာ အစ္စရေးအာဏာပိုင်တွေအမှားအယွင်းတွေကို သတိပေးဖို့ အလွန်ရှင်းလင်းတဲ့ သတင်းစကားဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟိုစိန်ဆာလာမီက နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့်ပြောပါတယ်။
 
စစ်ရေးလေ့ကျင့်မှုမှာ အီရန်စစ်ဘက်ဟာ အမျိုးအစားမတူတဲ့ ပဲ့ထိန်းဒုံးပျံ ၁၆ စင်းကိုပစ်လွှတ်ခဲ့ပြီး သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို ထိမှန်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
စစ်ရေးလေ့ကျင့်မှုအတွင်း ပဲ့ထိန်းဒုံးပျံတွေကို အီရန်ကပစ်လွှတ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ဗြိတိန်ကပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်ပြီး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုကြောင်း ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #တီဟီရန

Related posts

Leave a Comment

VOM News

FREE
VIEW