အိန္ဒိယမှာ လူမျက်နှာနဲ့ဆိတ်သားပေါက်တကောင် ထူးဆန်းစွာ မွေးဖွား

ဒေလီ၊ ဒီဇင်ဘာ-၂၉-၂၀၂၁
မျိုးဆက်(VOM)
 
အိန္ဒိယနိုင်ငံ ကျေးလက်ဒေသ ရွာတရွာက လယ်သမားတဦးပိုင်ဆိုင်တဲ့ ဆိတ်မတကောင်ဟာ လူမျက်နှာနဲ့ဆင်တူတဲ့ ထူးထူးခြားခြား ဆိတ်သားပေါက်တကောင်မွေးဖွာခဲ့ပါတယ်။
 
ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ဂန်ဂါပါရွာမှာဖြစ်ပြီး အဲဒီဆိတ်သားပေါက်ကို ကြည့်ရှုဖို့ ရွာသားတွေ တန်းစီစောင့်ဆိုင်းခဲ့ရပါတယ်။
 
လူမျက်နှာနဲ့ဆင်တူတဲ့ အဲဒီဆိတ်သားပေါက်ဟာ မွေးဖွားချိန်မှာ အသက်ရှင်လျှက်ဖြစ်ပေမယ့် များမကြာမီ သေဆုံးသွားတယ်လို့ ဆိတ်ပိုင်ရှင်ဖြစ်သူ အသက် ၄၆ နှစ်အရွယ် ရှန်ကာဒက်ကပြောပါတယ်။
 
ဆိတ်သားပေါက်ရဲ့ မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တို့ဟာ လူမျက်နှာနဲ့ဆင်တူပြီး ရှေ့လက်နှစ်ချောင်းသာ ပါ၀င်ပါတယ်။ သူ့မှာ အမြီးလဲပါ၀င်ခြင်းမရှိဘဲ နားရွက်ကတော့ ပုံစံပျက်နေကာ အမွှေးမပါဘဲ မွေးဖွားလာတာဖြစ်ပါတယ်။
 
အိန္ဒိယနိုင်ငံမှာတော့ လူ သို့မဟုတ် တိရိစ္တာန်တွေ ပုံစံပျက်မွေးဖွားတာဟာ မကောင်းတဲ့အတိတ်နိမိတ် သို့မဟုတ် ကံဆိုးစေတတ်တယ်လို့ ယုံကြည်ကြပါတယ်။
 
Ref: Mirror
Photo: Tahir Ibn Manzoor
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW