အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာဒုက္ခသည် ၂၄၀၀၀ ကျော်ထိ ရောက်ရှိနေ

ဒေလီ၊ မတ်-၂-၂၀၂၂
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၂၄၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက မတ် ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ထိ မြန်မာဒုက္ခသည် ၂၄၂၈၉ ဦးဟာ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတယ်လို့ ပြည်နယ်အစိုးရရဲ့မှတ်တမ်းတွေမှာ စာရင်းသွင်းထားကြောင်း ပြည်နယ်၀န်ကြီးချုပ်က လွှတ်တော်ကိုအသိပေးထားပါတယ်။
 
အထူးသဖြင့် ချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ထပ်မံထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေ မကြာသေးမီက ပိုမိုများပြားလာတယ်လို့ သူကဆိုပါတယ်။
 
မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပြည်နယ်အစိုးရ ၊ အင်န်ဂျီအိုအဖွဲ့တွေနဲ့ အခြားလူမှုအသင်းအဖွဲ့တွေက အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ ကူညီပေးနပြီး ပြည်နယ်အစိုးရကလည်း ရန်ပုံငွေထုတ်ပေးထားတယ်လို့ ပြည်နယ်၀န်ကြီးချုပ်က ပြောပါတယ်။
 
မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ် ၅၁၀ ကီလိုမီတာထိစပ်နေပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေဖြစ်ပေါ်ပြီးနောက် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံမှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။
 
Ref: Deccan Herald
Photo: PTI
#voiceofmyanmar #VOM #အိန္ဒိယ #မီဇိုရမ်ပြည်နယ် #မြန်မာဒုက္ခသည်၂၄၀၀၀ကျော် #ရောက်ရှိနေ

Related posts

Leave a Comment

VOM News

FREE
VIEW