ပါကစ္စတန် ဗလီတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်၊ လူ ၅၆ ဦးသေဆုံး ၂၀၀ နီးပါးဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ မတ်-၅-၂၀၂၂
မျိုးဆက်(VOM)
 
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်စ်ဟာဝါမြို့ရှိ ဗလီတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၆ ဦးထက်မနည်းသေဆုံးသွားကြောင်း ဆေးဘက်ဆိုင်ရာ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
 
မတ် ၄ ရက်မှာ ဗလီအတွင်းပြုလုပ်နေတဲ့သောကြာ၀တ်ပြုဆုတောင်းပွဲကျင်းပနေချိန်မှာ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ဖွယ်ရှိပြီး လူ ၂၀၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။
 
ဒဏ်ရာရသူအချို့မှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်အခြေအနေရှိနေပြီး တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
 
ပါကစ္စတန်မှာ မကြာသေးမီနှစ်များအတွင်း လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အများစုမှာ ရှီးယိုက်မွတ်ဆလင်တွေဖြစ်ပါတယ်။
 
ဗလီအတွင်းသို့မ၀င်မီ ရဲတပ်ဖွဲ့၀င်နှစ်ဦးကို ပစ်ခတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို တွေ့ခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဇာဟစ်ခန်းက အေအက်ဖ်ပီ သတင်းဌာနကိုပြောပါတယ်။
 
Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ပါကစ္စတန် #ဗလီတခု #အသေခံဗုံးခွဲ #လူ၅၆ဦးသေဆုံး #၂၀၀နီးပါးဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW