လူရွှင်တော်သရုပ်ဆောင် ဖိုးဖြူ ကွယ်လွန်

မတ် ၁၂-၂၀၂၂
KK(VOM)
 
လူရွှင်တော်သရုပ်ဆောင် ဖိုးဖြူဟာ မနေ့ မတ်လ ၁၁ရက် ည ၇ နာရီဝန်းကျင်က မြောက်ဥက္ကလာပမြို့နယ် OSC ဆေးရုံမှာ အဆုတ်ရောဂါနဲ့ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားတယ် ရုပ်ရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ လူရွှင်
တော်ဦးဖိုးဖြူရဲ့ နာမည်အရင်းမှာ ဦးဖြူဝင်းရွှေလို့ သိရပါတယ်။
 
ရန်ကုန်တက္ကသိုလ်၊ မြန်မာစာကျောင်းသားများစုစည်း၍ ၁၉၈၅ ခုနှစ်မှာ ဇာဂနာ (ကိုသူရ)က မြပုဏ္ဏမာအမည်နဲ့ အငြိမ့်ကဖို့ စီစဉ်ခဲ့ရာ လူရွှင်တော်ဦးဖိုးဖြူလည်းပါဝင်ခဲ့ပါတယ်။
 
သရုပ်ဆောင်လူရွှင်တော်ဦးဖိုးဖြူ ကွယ်လွန်တာနဲ့ပတ်သက်ပြီး လူရွှင်တော်ဦးဇာဂနာက “ကျွန်တော်တို့အဖွဲ့ထဲမှာ သူကအသက်အကြီးဆုံး၊ အားလဲနာတယ် ခင်လဲခင်တယ်ဆိုတဲ့ ပြက်လုံးကို သူရှာလာခဲ့တာ၊ သူ့ရဲ့ပထမနာမည်က မီးဇာ၊ ဖိုးဖြူ လို့ ကျွန်တော်ပြောင်းပေးခဲ့တာ၊ အခုတော့ မြပုဏ္ဏမာကို ဒုတိယမြောက်ခွဲခွာသူပေါ့”လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းနည်းစွာရေးသားထားပါတယ်။
 
ပရိသတ်များအကြား ရေပန်းစားကျော်ကြားခဲ့တဲ့ ၁၉၉၄ ခုနှစ်တွင် သရဲလေးကောင်နှင့် ကျွန်တော့ပြဇာတ်မှ သရဲလေးကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့သူတွေမှာ ဦးဖိုးဖြူလည်း ပါဝင်ပါတယ်။
 
သရဲလေးကောင်နှင့်ကျွန်တော်ပြဇာတ်ထဲမှ အရိုင်း၊
ဖိုးဖြူ၊ ကင်းကောင်နှင့် ကုသိုလ် တို့ထဲတွင် ဦးကု
သိုလ်မှာ ၂၀၁၄ ခုနှစ် ဇွန် ၁၅ ရက်က ကွယ်လွန်သွားခဲ့ပြီး ဦးကင်းကောင်လည်း ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၂၂ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါတယ်။
 
သရုပ်ဆောင်လူရွှင်တော်ဦးဖိုးဖြူ ကွယ်လွန်တာနဲ့ပတ်သတ်ပြီး သရုပ်​ဆောင် ဦးဇာဂနာ၊ အရိုင်း၊ ငှက်​ပျော​ကြော်၊ ဒါရိုက်တာ ​မောင်မျိုးမင်း(ရင်တွင်းဖြစ်) တို့အပါအဝင် အနုပညာရှင်များနှင့် ပရိသတ်များက ဦးဖိုးဖြူကွယ်လွန်ခြင်းအပေါ် လူမှုကွန်ရက်စာမျက်နှာများပေါ်မှာ ဝမ်းနည်းစကားတွေ ရေးသားမျှဝေထားပါတယ်။
 
ကွယ်လွန်သူ လူရွှင်တော်ဦးဖိုးဖြူကို ၁၉၅၉ ခုနှစ်
နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အဖဦးစံရွှေ အမိဒေါ်မြရီတို့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကိုနှစ်ဦးတွင် အငယ်ဆုံးဖြစ်ပါတယ်။
 
၁၉၉၀ ခုနှစ် ရန်ကုန်တက္ကသိုလ်(ပင်မ)မှာ မြန်မာစာ အဓိကဘွဲ့ရခဲ့ပြီး ၁၉၉၅ မှာမစန်းစန်းရီ နဲ့အိမ်ထောင်ကျခဲ့ရာ သမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူဒေါ်စန်းစန်းရီနဲ့သမီးဖြစ်သူ မခိုင်ဇာသွယ်တို့ ကျန်ရစ်ခဲ့ပါတယ်။
 
#voiceofmyanmar #VOM #လူရွှင်တော် #ဖိုးဖြူ #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW