အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်ကို ဒုံးကျည်တစ်စင်းကို မှားယွင်းပစ်ခတ်ခဲ့

ဒေလီ၊ မတ်-၁၂-၂၀၂၂
မျိုးဆက်(VOM)
 
အိန္ဒိယစစ်ဘက်ဟာ ပါကစ္စတန်ဘက်သို့ ဒုံးကျည်တစ်စင်းကို မတ် ၁၁ ရက်မှာ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်စဉ်အတွင်း နည်းပညာဆိုင်ရာ ချို့ယွင်းချက်ကြောင့်လို့ အိန္ဒိယဘက်က ပြောပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လွန်စွာစိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဖြစ်စဉ်ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုရှိဘူးလို့ အိန္ဒိယဘက်ကပြောပါတယ်။
 
အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံစလုံးဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။
 
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း မီယန်ချန်နူမြို့အနီးသို့ အလွန်မြန်တဲ့နှုန်းနဲ့ ပျံသန်းလာတဲ့ အရာ၀တ္တုတစ်ခု ပျက်ကျခဲ့ပြီး သူ့ရဲ့ပျံသန်းမှုလမ်းကြောင်းဟာ ခရီးသည်တင်လေယာဉ်တွေအတွက် အန္တရာယ်ရှိခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်ကပြောပါတယ်။
 
၂၀၂၂ ခုနှစ်မတ်လ ၉ ရက်မှာ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်နေစဉ်အတွင်း နည်းပညာဆိုင်ရာ ချို့ယွင်းမှုကြောင့် ဒုံးကျည်တစ်စင်း မတော်တဆပစ်ခတ်မိခဲ့တာဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အိန္ဒိယ အဆင့်မြင့်တရားရုံးတစ်ခုကို အမိန့်ပေးထားပါတယ်။ ဒီလို ဖြစ်စဉ်မျိုးရဲ့ အကျိုးဆက်ကို သတိထားဖို့နဲ့ နောက်တစ်ကြိမ်မဖြစ်ပွားစေဖို့ ပါကစ္စတန်က အိန္ဒိယကို သတိပေးထားပါတယ်။
 
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW