ကျင်စန်ကျော့-ဝမ်တိန်ဂိတ်က တရုတ်ဘက် တင်ပို့နေတဲ့ Exportကုန် ၇ မျိုးကို တင်ပို့ခွင့် ယာယီပိတ်ထား

မတ် ၁၆-၂၀၂၂
Shy V (VOM)
 
မြန်မာ – တရုတ် အဓိက ကုန်သွယ်ရာ ဂိတ် ၁ ခုဖြစ်တဲ့ ကျင်စန်းကျော့-ဝမ်တိန် (မန့်မန်း)ဂိတ်မှ တဆင့် တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာExportကုန် ၇ မျိုးကို တင်ပို့ခွင့် ယာယီရပ်နားထားမှာဖြစ်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
“ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ရက်က ထုတ်ပြန်ချက် ထုတ်ထားတာပေါ့။ ကုန်စည် ၇ မျိုးပေါ့။ ဆန်၊ ဆန်ကွဲ ပါတယ်။ အေးခဲ လတ်ဆတ်ကုန်ပါတယ်။ အသားတို့ ဘာတို့လည်းပါတာပေါ့။” လို့ နယ်စပ်ကုန်သည် ၁ ဦးက VOM ကိုပြောပါတယ်။
 
ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force မှ ကုန်စည်တချို့ တင်သွင်းမှု ယာယီရပ်နားထားကြောင်း အသိပေးကြေညာချက် ၂ စောင်ကို မတ်လ ၁၄ ရက်က မူဆယ် -နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း နဲ့ ဆန်စပါး ကုန်စည်ဒိုင်တို့ဆီကို ပေးပို့လာတယ်လို့ အဲဒီအသင်းတွေ နဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။
 
ဆန်၊ ဆန်ကွဲ၊ ငရုပ်စိမ်း၊ အအေးခန်း စနစ်နဲ့ သယ်ယူရမယ့် ကုန်စည် (Goods Shipped in the cold chain)၊ အေးခဲ လတ်ဆတ်၊ အေးခဲကုန်စည်၊ ရေထွက်ကုန်စည်၊ Daily သုံးကုန်ပစ္စည်းနဲ့ ထုပ်ပိုး လွယ်ကူတဲ့ စားသောက်ကုန်တွေဖြစ်ပြီး ကုန်သည်လုပ်ငန်းရှင်တွေကို သိရှိနိုင်ရေး လိုအပ်သလို အသိပေး ဆောင်ရွက်သွားဖို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force မှ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်မှုကို သိပွံနည်းကျကျ တားဆီးကာကွယ်ဖို့ တရုတ်နိုင်ငံ FDA ဥပဒေ၊ စားသောက်ကုန် တင်သွင်း၊ တင်ပို့ခြင်း ဥပဒေ၊ ဝမ်တိန် – မန့်မန်း ဂိတ်ပေါက် ကုန်စည်သယ်ပို့မှု ပြန်လည်ဖွင့်လှစ်ဖို့အတွက် Working Group ရဲ့အစီအစဉ် ယာယီသတ်မှတ်ချက်အရ အဲဒီကုန်စည်တွေကို တင်ပို့ခွင့် ယာယီ ပိတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
 
Photo-ကုန်သည်များ
#voiceofmyanmar #VOM #ကျင်စန်းကျော့-ဝမ်တိန် #တရုတ်အိတ်စပို့ကုန်၇မျိုး #ယာယီပိတ်ထား

Related posts

Leave a Comment

VOM News

FREE
VIEW