နေပြည်တော်မှာ ကားတစ်စီးတိမ်းမှောက်ပြီး (၅)ဦးသေဆုံး၊ (၂၀)ဦးခန့် ဒဏ်ရာရ

မတ် ၁၇-၂၀၂၂
KK(VOM)
 
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇဗ္ဗူသီရိအထူးကုဆေးရုံရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက လိုက်ထရပ်
ယာဥ်တစ်စီးတိမ်းမှောက်ရာ လူ(၅)ဦးသေဆုံးပြီး
၂၀ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကသိရပါတယ်။
 
လယ်ဝေးမြို့နယ်ကနေ အလှူတစ်ခုကို မိသားစုဆွေ
မျိုးတွေသွားရောက်တဲ့ကားတစီးဟာ ဇမ္မူသီရီမြို့နယ် ဇဗ္ဗူသီရိအထူးကုဆေးရုံအနီးမှာ မှောက်ခဲ့တာဖြစ်တယ်လို့ ပေးဆပ်သူများနာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။
 
“သူတို့တွေက လယ်ဝေးမြို့နယ်ထဲက မိသားစုဆွေ
မျိုးတွေ၊ အလှူသွားရင်း ကားကဘီးပေါက်ပြီး မှောက်တာ လူ၂၅ဦးလောက် ဒဏ်ရာရတယ်”လို့ ပြောပါတယ်။
 
ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၁ ယောက်ရှိပြီး နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ပေးဆပ်သူများနာရေးကူညီမှုအသင်းကနေ သိရပါတယ်။
 
ဆေးကုသနေသူတွေရဲ့ အခြေအနေကိုမေးကြည့်ရာမှာတော့ “အမျိုသမီးတယောက်က ကားပေါ်မှာတင်ဆုံးတာ၊ ကျန်တဲ့လေးယောက်က ဆေးရုံရောက်ခါနီးဆုံးတာ”လို့ ပြောပါတယ်။
 
ထိခိုက်ဒဏ်ရာရရှိသူ ၂၅ ဦးထဲက ၅ ဦးဟာ ဆေးရုံအရောက်မှာ ကွယ်လွန်သွားတာ​ဖြစ်ပြီး ကျန်လူနာ​တွေကို နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံမှာ ဆေးကုသမှုတွေကို ပြုလုပ်ပေးကာ အခြေအနေစောင့်ကြည့်နေတယ်လို့ ပေးဆပ်သူများနာရေးကူညီမှုအသင်းက သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းကလည်း ဇေယျာသီရီမြို့
နယ်က ကွေ့ကြီးသုသာန်အနီးမှာ ယာဥ်တစ်စီးတိမ်းမှောက်ခဲ့ရာ လူ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #နေပြည်တော် #ယာဉ်မှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW