၂၀၂၂ ခုနှစ် (၂)လတာအတွင်း မြန်မာနိူင်ငံတဝန်း မီးလောင်မှု ၄၀၀ ကျော်နဲ့ သိန်း၁၄၀၀ ကျော် ဆုံးရှုံးမှုရှိနေ

မတ် ၁၈-၂၀၂၂
KK(VOM)

၂၀၂၂ ခုနှစ် (၂)လတာကာလအတွင်း မြန်မာနိူင်ငံတဝန်း မီလောင်မှုအကြိမ်ရေ ၄၀၀ ကျော်ရှိပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ သိန်း ၁၄၀၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရပါတယ်။

” မြန်မာနိူင်ငံတဝန်း တစ်နေ့ကို မီးလောင်မှုအနည်းဆုံး ၅ ကြိမ်ကနေ ၁၀ ကြိမ်အထက်ရှိနေတယ်၊ ပေါ့ဆမီးအများဆုံးဖြစ်တယ်၊ ရေအခက်အခဲနဲ့ ပူးပေါင်းပါ၀င်မှုအားနည်းတာကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်နေရတယ်”လို့ မီးသတ်ဦးစီးဌာနမှ ညွန်ကြားရေးမှူးတဦးက VOM ကို ပြောပါတယ်။

မီးငြိမ်းသတ်နိုင်ဖို့နဲ့ အလွယ်တကူ ရေရရှိနိုင်ဖို့အတွက် ယခင်က မြို့ပြစနစ်တွေမှာ မီးသတ်ရေငုပ်တွေကို ထည့်သွင်းတည်ဆောက်ခဲ့​ပေမယ့် ယခုအခါ လျော့န
ည်းလာတယ်လို့ ညွန်ကြားရေးမှူးကရှင်းပြပါတယ်။

မြန်မာနိုင်ငံတဝန်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ မီးလောင်မှု၁၅၀ ကြိမ်နဲ့ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄၄၇ သန်းရှိခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ မီးလောင်မှု ၂၅၄ ကြိမ်ဖြစ်ပွားခဲ့ပြီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၉၇၀ ကျော်ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှာ မီးလောင်မှု ၂၁၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး၃၃ဘီလျံကျော် ဆုံးရှုံးခဲ့ပြီး အဲ့ဒီမီးလောင်မှုတွေကြောင့် လူ ၁၀၅ ဦး သေဆုံးပြီး၊ ၁၅၁ ဦးဒဏ်ရာရာခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၀ ခုနှစ်မှာလည်း နိုင်ငံတဝန်း မီးလောင်မှု ၂၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၇၅ ဦး သေဆုံးကာ ၂၂၀ ဦးဒဏ်
ရာရရှိခဲ့ပြီး ကျပ် ၆ဘီလျံကျော် ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မီးလောင်မှု #၂၀၂၂ #၂လတာကာလအတွင်း

Related posts

Leave a Comment

VOM News

FREE
VIEW