ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံများစာရင်းမှာ မြန်မာက အဆင့် ၁၂၆ မှာသာ ရပ်တည်နေ

နယူးယောက်၊ မတ်-၂၀-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံဟာ ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံများစာရင်းမှာအဆင့်၁၂၆နေရာမှာသာ ရပ်တည်နေကြောင်း ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကတော့ နိုင်ငံပေါင်း၁၄၆နိုင်ငံမှာ အဆင့်၉၄မှာ ရပ်တည်နေကြောင်း မတ်၁၉ရက်မှာ ထုတ်ပြန်တဲ့၂၀၂၂ခုနှစ် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများအစီရင်ခံစာမှာဖော်ပြထားပြီး အရင်နှစ်က အဆင့်၁၀၁မှာ ရပ်တည်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အိမ်နီးချင်း နီပေါက အဆင့်၈၄၊ ပါကစ္စတန်က အဆင့်၁၂၁၊ သီရိလင်္ကာက အဆင့်၁၂၇၊ အိန္ဒိယက အဆင့်၁၃၆ မှာရပ်တည်နေပါတယ်။

ဖင်လန်နိုင်ငံကတော့ ကမ္ဘာအပျော်ရွှင်ရဆုံးနိုင်ငံအဖြစ်ထိပ်ဆုံးမှာရပ်တည်နေပြီး သူ့နောက်မှာ ဒိန်းမတ်၊ အိုက်စလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ လူဇင်ပတ်၊ ဆွီဒင်၊ နော်ဝေး၊ အစ်စရေး၊ နယူးဇီလန်တို့ကရပ်တည်နေပါတယ်။

အာဖဂန်နစ္စတန်ဟာ ကမ္ဘာမပျော်ရွှင်ရဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံထားရပြီး သူ့နောက်မှာ လက်ဘနွန်၊ ဇင်ဘာဘွေ၊ ရဝမ်ဒါ၊ ဘော့ဆွာနာ၊ လီဆိုသို၊ ဆီယာလီယွန်၊ တို့ကအသီးသီးရပ်တည်နေပါတယ်။

Ref:BSS
Photo:Getty Images
#voiceofmyanmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW